စည်သူဝင်းစီးထားတဲ့ဖိနပ်ကိုကြိုက်လွန်းလို့ လက်ညို့ထိုးပြီးဝယ်ပေးဖို့ယွန်းယွန်းကိုပူဆာနေတဲ့ အောင်မင်းခန့်ရဲ့အခွီဗီဒီယို

//s9.kh1.co/60/6046914a7ecb7f894d5df1fcd08f1afa480e83f3.jpg
အနုပညာရှင်များ

 ၀၁-ဖေ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. Double Dating အစီအစဉ်လေးကိုတော့ ပရိသတ်တွေတော်တော်များများစောင့်ကြည့်အားပေးနေကြမှာဖြစ်သလို လူမှုကွန်ယက်ပရိသတ်တွေကြား ရေပန်းစားပြီး အောင်မြင်မှုတွေအများဆုံးရရှိထားတဲ့ အစီအစဉ်တစ်ခုပဲ ဖြစ်ပါတယ်နော်..။

ချစ်စရာကောင်းပြီး လိုက်ဖက်လွန်းကြတဲ့ စုံတွဲလေးတွေအဖြစ် သရုပ်ဆောင်ထားတဲ့ အောင်မင်းခန့်နဲ့ ယွန်းယွန်း၊ စည်သူဝင်းနဲ့သဇင်ထူးမြင့်တို့ အတွဲလေးတွေကတော့ တကယ်ကိုအတွဲညီလွန်းကြတာမို့လည်း ပရိသတ်တွေအားလုံးက အချစ်ပိုနေကြတာပါ..။

Photo Credit - Yoon Yoon's Fb Acc 
Photo Credit - Yoon Yoon's Fb Acc 
Photo Credit - Thazin Htoo Myint's Fb Acc
Photo Credit - Thazin Htoo Myint's Fb Acc

သူတို့စုံတွဲလေးနှစ်တွဲကြားမှာ တစ်ယောက်တည်းဖြစ်နေတဲ့ သိန်းလင်းစိုးကြောင့်လည်း ရယ်စရာလေးတွေနဲ့ အခွီလေးတွေကို မြင်တွေ့ရပြီး ရိုတတ်လွန်းတဲ့အတွဲပုံရိပ်လေးတွေကလည်း တကယ်ကို အသည်းယားစေပြန်ပါတယ်နော်..။

တစ်ယောက်ကို တစ်ယောက် အလိုလိုက်အချွဲပိုကာ ရိုတတ်ကြသလို အခုတစ်ခါမှာလည်း စည်သူဝင်းရဲ့မွေးနေ့လေးမှာ တွေ့ဆုံစားသောက်ရင်း ရယ်စရာအခွီလေးတွေနဲ့ အမှတ်တရလေးတွေကိုလည်း ဗီဒီယိုဖိုင်လေးနဲ့အတူ အပျော်လေးတွေဝေမျှလာပါတယ်နော်..။

Photo Credit -  Thazin Htoo Myint's Fb Acc
Photo Credit -  Thazin Htoo Myint's Fb Acc
Photo Credit - Thazin Htoo Myint's Fb Acc
Photo Credit - Thazin Htoo Myint's Fb Acc
Photo Credit - Yoon Yoon's Fb Acc 
Photo Credit - Yoon Yoon's Fb Acc 

အောင်မင်းခန့်တစ်ယောက် စည်သူဝင်းစီးထားတဲ့ ဖိနပ်ကိုသဘောကျလွန်းလို့ ကလေးတစ်ယောက်လို နှုတ်ခမ်းဆူ လက်ညိုးထိုးပြကာဝယ်ပေးဖို့ ယွန်းယွန်းကိုပူဆာနေတဲ့ အခွီလေးတွေကို ဗီဒီယိုလေးရိုက်ပြီး ဝေမျှလိုက်တာပဲ ဖြစ်ပါတယ်နော်..။

ကဲ.. အခွီလေးတွေနဲ့ တစ်နေ့တစ်မျိုးမရိုးနိုင်အောင် ပရိသတ်တွေကို ဖမ်းစားအချစ်ပိုစေကြတဲ့ သူတို့အဖွဲ့လေးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိတသတ်တွေသဘောကျနေကြမှာမို့ အားလုံးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Yoon Yoon's Fb Acc 
Photo Credit - Yoon Yoon's Fb Acc 
Photo Credit - Yoon Yoon's Fb Acc 
Photo Credit - Yoon Yoon's Fb Acc 
Photo Credit - Thazin Htoo Myint's Fb Acc
Photo Credit - Thazin Htoo Myint's Fb Acc

သတင်း အရင်းအမြစ်Yoon Yoon's Fb Acc & Thazin Htoo Myint's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T