တော်ရုံသတ္တိနဲ့ သွားနိုင်ဖို့ ခတ်ခဲတဲ့ ကမ္ဘာပေါ်က ကြောက်ဖို့အကောင်းဆုံး နေရာများ

//s9.kh1.co/a0/a0b3aa64d141432ed92ea5703e076fc1400a6795.jpg
ဗဟုသုတအဖြာဖြာ

 ၀၁-ဖေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ နေရာတစ်နေရာချင်းစီမှာ ကျောချမ်းဖွယ်ကောင်းတဲ့ သူ့အတိတ်နဲ့သူ ရှိနေတင်ပါတယ်။ ဒါကြောင့် အောက်မှာဆိုရင် စိတ်ဝင်စားဖို့လဲကောင်းသလို ကြောက်ဖို့လဲကောင်းတဲ့ နေရာတွေကို ပရိသတ်ကြီးအတွက် ဖော်ပြလိုက်ပါတယ်။

၁။ Sedlec Ossuary

ချက်နိုင်ငံရဲ့ သင်္ချိုင်းတစ်ခုအတွင်းမှာတည်ရှိတဲ့ အဆိုပါ ခရစ်ယာန်ဘုရားကျောင်းဟာ သင်္ချိုင်းအတွင်းရှိ လူသေအလောင်းတွေရဲ့အရိုးကို သန့်စင်၊ စွဲကပ်နေတဲ့ ပရလောကသားတွေမရှိအောင် ဘုရားနည်းနဲ့ချွတ်ပြီး ဘုရားကျောင်းအတွင်းမှာ အလှဆင်ပစ္စည်းအနေနဲ့ ထားရှိထားတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=399,q=100/7c/7c5c5ed122d217fa3a23df315ae91fb762c75c48.jpg

၂။ အရုပ်ကျွန်း

မက္ကဆီကိုနိုင်ငံမှာရှိတဲ့ အရုပ်ကျွန်းဟာ ခြောက်ခြားစရာကောင်းတဲ့ နေရာအနေနဲ့ ကမ္ဘာကျော်ပါတယ်။ အဆိုပါကျွန်းမှာ မိန်းကလေးငယ်တစ်ဦးရေနစ်သေပြီးနောက် သူမကိုအမှတ်ရတဲ့အနေနဲ့ အရုပ်တွေထားရှိရာကနေ နောက်ပိုင်း ကြောက်စရာအရုပ်တွေများလာခဲ့ပြီး ကျွန်းတစ်ခုလုံး အရုပ်တွေနဲ့ပြည့်နေခဲ့တာပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=275,q=100/56/56eb57c4d50c604c5806f2ddf1c7e79621254c4b.jpg

၃။ Aokigahara Forest

ဂျပန်မှာရှိတဲ့ ဒီသစ်တောဟာ လူတွေကိုယ့်ကိုကိုယ် လာရောက်အဆုံးစီရင်ရာအများဆုံးနေရာတစ်ခုဖြစ်ပါတယ်။ လူတွေ ဒီသစ်တောမှာ ကိုယ်​့ကိုယ်​ကို သေကြောင်းကြံမှုများလွန်းတာကြောင့် အစိုးရအနေနဲ့ သစ်တောဝန်းကျင် ထိန်းကွပ်မှုတွေထားပြီး ပိုစတာတွေကပ်ပြီး သတိပေးရတဲ့အထိပါပဲ။

https://s9.kh1.co/__image/w=600,h=400,q=100/9d/9d97bd1ad6dfcdd2d3ed57323cae68591a10add9.jpg

၄။ အစက်တွေနဲ့ ထူးဆန်းတဲ့ရေကန်

ကနေဒါမှာရှိတဲ့ အဆိုပါရေကန်ဟာ ထူးဆန်းတဲ့အစက်တွေကြောင့် ကြောက်စရာကောင်းပြီး နာမည်ကျော်ပါတယ်။ ဒီရေကန်အတွင်းမှာ Magnesium Sulphate, Silver, Calcium အစရှိတဲ့ ဓာတ်သတ္တုပျော်ဝင်မှုများလွန်းတာကြောင့် ရေကန်အနားကို လူတွေသွားရောက်ခွင့် တားမြစ်ထားတယ်လို့ဆိုပါတယ်။

https://s9.kh1.co/__image/w=600,h=385,q=100/9a/9a817c08bd5079219376fc9290f13c6813030c65.jpg

၅။ Darvaza gas crater

ငရဲပြည်သို့ အဝင်ဝရယ်လို့ နာမည်ကြီးလွန်းလှတဲ့ အဆိုပညတွင်းဟာ ၁၉၇၁ခုနှစ်ကနေစပြီး မြေကြီးကျွံရာငနေ အဆိပ်ရှိတဲ့ဓာတ်ငွေ့တွေထွက်လာခဲ့ပြီး မီးလောင်နေတာ ၄၆နှစ်ကြာရှိပြီဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=400,q=100/c0/c03848842e85bd1f0c1e557701ee46838fba2d40.jpg

၆။ Hoia Forest

ရိုမေးနီးယားမှာရှိတဲ့ ဒီသစ်တောဟာ UFO ခေါ် ဂြိုဟ်သားယာဉ်ပျံတွေမကြာခဏတွေ့ရတတ်တယ်လို့ နာမည်ကြီးတဲ့နေရာပါ။ ပတ်ဝန်းကျင်ကလူတွေအပြောအရ ဒီသစ်တောထဲ ကြာကြာနေမယ်ဆိုရင် ခေါင်းမူးလာတာ၊ စိတ်လှုပ်ရှားတာ၊ ခန္ဓာကိုယ်မှာ အလာဂျစ်ဖြစ်လာတာ အစရှိတာတွေဖြစ်တတ်တဲ့အတွက် တောအတွင်း ဘယ်သူမှ ကြာကြာမသွားနိုင်ဘူးလို့ ဆိုကြပါတယ်။

https://s9.kh1.co/__image/w=600,h=400,q=100/02/0265ecc1378779dfcc725f32e25605f7f2c6ea8e.jpg

၇။ Overtoun Bridge

စကော့တလန်မှာရှိတဲ့ ဒီတံတားဟာ ခွေးသေတံတားရယ်လို့နာမည်ကြီးပါတယ်။ အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်တွေဟာ ဒီတံတားပေါ်ကနေ သူတို့အချစ်တော်ခွေးလေးတွေနဲ့မဖြတ်ရဲကြပါဘူး။ ဒီတံတားပေါ်ရောက်တိုင်း ခွေးလေးတွေ တံတားပေါ်ကနေ ခုန်ချသေတာ များလို့ပါ။ တံတားရဲ့ တူညီတဲ့တစ်နေရာတည်းကပဲ ခုန်ချတတ်တယ်လို့လဲ ဆိုပါတယ်။

https://s9.kh1.co/__image/w=600,h=401,q=100/d0/d0063df68b83ae7da0a1e339a9255322fbdd0d02.jpg

၈။ Poveglia Island

အီတလီမှာရှိတဲ့ ဒီကျွန်းဟာ ပလိပ်ရောဂါဖြစ်တဲ့သူတွေကို ထိုကျွန်းကိုပို့စေပြီး သေဆုံးစေခဲ့တယ်လို့သိရပါတယ်။ ၁၉၂၂ကနေ ၁၉၆၈အတွင်း ကျွန်းမှာ စိတ်ရောဂါကုဆေးရုံရှိခဲ့ပြီး ဆေးရုံအုပ်ဖြစ်သူဆရာဝန်ကိုယ်တိုင် ကူးသွားခဲ့ပြီး တာဝါပေါ်ကနေ ခုန်ချသတ်သေခဲ့တယ်လို့သိရပါတယ်။

https://s9.kh1.co/__image/w=600,h=398,q=100/70/7073877dd1f63e4c7adaa634eb19c7681988f503.jpg

၉။ Christ of the Abyss

၁၉၆၅ခုနှစ်မှာ အနုပညာပြပွဲအတွက်ထုလုပ်ခဲ့တဲ့ ဒီခရစ်တော်ရုပ်တုကြီးဟာ အကြောင်းတစ်စုံတစ်ရာကြောင့် ရေထဲနစ်မြုပ်သွားခဲ့ပြီး ခုချိန်ထိရေအောက်မှာ ရေငုပ်သမားတွေကို ခြောက်လှန့်စေနိုင်တဲ့ ရုပ်တုတစ်ခုအနေနဲ့ရှိနေပါတယ်။

https://s9.kh1.co/__image/w=600,h=337,q=100/44/448976b257040f4ac50889c065de0b3960952c61.jpg

၁၀။ Ghost Town Centralia

အမေရိကန်အတွင်းတည်ရှိတဲ့ ဒီ Ghost town ဟာ ကမ္ဘာကျော်ရုပ်ရှင် silent hill ကို ရိုက်ကူးခဲ့ရာနေရာလဲဖြစ်ပါတယ်။ ၁၉၆၂ခုနှစ်မှာ ကျောက်မီးသွေးတွင်းတစ်ခုမှာ မီးသတ်သမားတွေဟာ အမှိုက်ကိုမီးရှို့ရာကနေ ကြီးမာတဲ့ မြေအောက်အတွင်းမီးလောင်ကျွမ်းမှုဖြစ်ခဲ့ပြီး ခုချိန်ထိလောင်နေသေးတယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=600,h=401,q=100/69/690dc2dadf848bc0f054a37bc8056dc34d8837af.jpg

၁၁။ Ghost City Ordos Kangbashi

တရုတ်ပြည်မှာရှိတဲ့ အဆိုပါမြို့သစ်ဟာ လူနှစ်သန်းနေထိုင်နိုင်ဖို့တည်ဆောက်ထားတာဆိုပေမယ့် မြေနေရာစျေးကြီးတာနဲ့ ငွေရေးကြေးရေးအရှုပ်အရှင်းတွေကြောင့် လူနှစ်သောင်းသာနေထိုင်ပြီး တိတ်ဆိတ်တဲ့ မြို့ကြီးတစ်မြို့ဖြစ်လို့နေပါတယ်။

https://s9.kh1.co/__image/w=600,h=332,q=100/6a/6a495ad5aec6e2762c5c505f4f3f17f7d15add59.jpg

၁၂။ Garden of Bomarzo

၁၅၄၈ခုနှစ်နဲ့ ၁၅၈ဝဝန်းကျင်ကြား ဖန်တီးခဲ့တဲ့ ဒီဥယာဉ်ဟာ ဂရိနတ်ဘုရားတွေဖြစ်တဲ့ ဟာကြုလီ၊ အဖရိုဒိုက်အစရှိတဲ့ နတ်ဘုရားရုပ်တုကြီးတွေကြောင့် ထူးခြားတဲ့ နေရာတစ်နေရာဖြစ်ခဲ့ပါတယ်။ ခုနောက်ပိုင်းမှာတော့ ဒီဥယာဉ်ကို မကောင်းဆိုးရွားဥယာဉ်လို့သတ်မှတ်ပြီး ရုပ်တုတွေနဲ့ ကြောက်စရာနေရာတစ်နေရာဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/b4/b4333eef2743284f3784cb0e7b3fc5aab1278e87.jpg

၁၃။ Hand of the Desert

ချီလီနိုင်ငံမှာရှိတဲ့ ၁၁မီတာမြင့်တဲ့ ဒီလက်ဖဝါးရုပ်တုဟာ အထီးကျန်ဆန်ခြင်း၊ ဝမ်းနည်းပူဆွေးတာတွေ အစရှိတာတွေကို ကိုယ်စားပြုတဲ့အနေနဲ့ ထုလုပ်ခဲ့တာဖြစ်ပြီး သဲကန္တာရအတွင်း လက်ကြီးရုတ်တရက်တွေ့ရင်တော့ မြင်သူတိုငိးလန့်မိမှာသေချာပါတယ်။

https://s9.kh1.co/__image/w=600,h=385,q=100/79/7985625611e03014c2bbf6639cd179ba96794a34.jpg

၁၄။ The Hill of Crosses

Lithuania မှာရှိတဲ့ ဒီတောင်ကုန်းဟာ လက်ဝါးကပ်တိုင်တွေနဲ့ ခြေချစရာမရှိအောင်ကို ပြည့်နေပါတယ်။ အကြောင်းရင်းကတော့ အဆိုပါတောင်ကုန်းမှာ လက်ဝါးကပ်တိုင်လာထားတဲ့လူတိုင်း တောင်းနဲ့ဆုနဲ့ ပြည့်တတ်လို့ပါတဲ့။

https://s9.kh1.co/__image/w=600,h=386,q=100/c4/c4accdde3d6c307f2834b13955ce450cb4c0a6b7.jpg

သတင်း အရင်းအမြစ်Cracked

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T