မြန်မာနိုင်ငံကြီး အားလုံး ငြိမ်းချမ်းပြီး သာယာတဲ့နေ့လေးတွေ အမြန်ဆုံးရောက်ချင်ပါပြီဆိုတဲ့ သရုပ်ဆောင် မိုးယုစံ

//s9.kh1.co/b2/b2d2732285e7eee767b2bd9e9546020bf2da9b6d.jpg
အနုပညာရှင်များ

 ၀၁-ဖေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင် မင်းသမီးချောလေး မိုးယုစံကတော့ အနုပညာလောကမှာ နေရာတစ်ခုကို အခိုင်အမာစိုက်ထူထားနိုင်တဲ့ သူပဲ ဖြစ်ပါတယ် ။ မိုးယုရဲ့ အနုပညာလှုပ်ရှားမှုတွေက ပရိသတ်တွေရင်ထဲ ထိရောက်စေတာဖြစ်လို့ ပါဝင်ရိုက်ကူးတဲ့ ဇာတ်ကားတွေတိုင်းက အောင်မြင်တာလည်း ဖြစ်ပါတယ်။ မိုးယုက အိမ်ထောင်ပြုပြီးအချိန်မှာတော့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းနဲ့ မှန်မှန်သာလုပ်ကိုင်နေတာပါနော်။ 

Photo credit - Moe Yu San's FB account
Photo credit - Moe Yu San's FB account
Photo credit - Moe Yu San's FB account
Photo credit - Moe Yu San's FB account

အိမ်ထောင်ပြုပြီးတဲ့ နောက်ပိုင်းမှာ သားသားလေး Austin ကို မိုးယုက မွေးဖွားထားတာဖြစ်ပြီး နောက်ထပ်ရင်သွေးလေးကိုလည်း လွယ်ထားရပါသေးတယ်။ မိုးယုရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်အားပေးကြတဲ့ ပရိသတ်တွေအတွက် လူမှုကွန်ယက် ဖေ့ဘွတ်အကောင့်မှာ မိသားစုအမှတ်တရလေးတွေနဲ့ စိတ်ခံစားချက်တစ်ချို့ကို ဝေမျှလေ့ရှိတာပါ။ မိုးယုက ယနေ့မှာလည်း မတည်ငြိမ်တဲ့ နိုင်ငံရေးကြောင့် စိတ်ထိခိုက်နေရတဲ့ စာသားလေးကို ရေးသားလာတာပါ။

Photo credit - Moe Yu San's FB account
Photo credit - Moe Yu San's FB account
Photo credit - Moe Yu San's FB account
Photo credit - Moe Yu San's FB account
Photo credit - Moe Yu San's FB account
Photo credit - Moe Yu San's FB account

ဒါကတော့ မိုးယုက သူမရဲ့ ဖေ့ဘွတ်အကောင့်ထက်မှာ " အားလုံး ငြိမ်းချမ်းပီး သာယာတဲ့နေ့လေးတွေအမြန်ရောက်ချင်ပါပြီ ကိုဗစ်ကြောင့် ၁နှစ်လောက်စိတ်ညစ်ရပြီးပြီ နောက်ထပ် ဘာမှမဖြစ်ပါစေနဲ့ ကလေးတွေလည်းကျောင်းအမြန်တက်ရပါစေ " ဆိုပြီး ရေးသားမျှဝေလာခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကနေ့ နံနက်မှာ ဖြစ်ပေါ်သွားတဲ့ နိုင်ငံရေးအရှုပ်အထွေးတွေကြောင့် စိတ်ထိခိုက်သွားရလို့ ထင်မြင်ချက်ကို ရေးသားလာတဲ့ မိုးယုရဲ့ ပုံလေးတွေနဲ့ စာသားလေးကို ပရိသတ်တွေထံ ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။ 

Photo credit - Moe Yu San's FB account
Photo credit - Moe Yu San's FB account
Photo credit - Moe Yu San's FB account
Photo credit - Moe Yu San's FB account
Photo credit - Moe Yu San's FB account
Photo credit - Moe Yu San's FB account

သတင်း အရင်းအမြစ်Source - Moe Yu San's FB account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T