ချစ်ရသူတွေကို မေတ္တာပို့ရင်း အလှူလုပ်ဖြစ်တာလေးကို မျှဝေလာကာ ကြည်နူးပီတိ ဖြစ်နေတဲ့ ထက်ထက်မိုးဦး

//s9.kh1.co/42/429558d09944c041e10f52a0e09f5987d53199ad.jpg
အနုပညာရှင်များ

 ၃၁-ဇန်-၂၀၂၁ ၁၀pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီတစ်ခေါက်မှာတော့ အာလုံး သိကြတဲ့အတိုင်း အနုပညာလောကမှာ ဆယ်စုနှစ်မက အောင်မြင်မှုတွေ ရရှိ ခဲ့ပြီး ယနေ့ချိန်ထိ တိုင်အောင် အောင်မြင် ကျော်ကြား လူကြိုက်များနေရတဲ့ ထက်ထက်မိုးဦးပဲ ဖြစ်ပါတယ်။ဗီဒီယို ခေတ်ကတည်းက အဓိက ဇာတ်ဆောင် နေရာ ကနေ ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ပြီး ပရိသတ်တွေ အားပေးထောက်ခံမှုကို တခဲနပ် ရရှိကာ အောင်မြင်မှုတွေ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ အမြဲ နုပျို လန်းဆန်း နေပြီး ချစ်စရာကောင်းတဲ့ စကားပြောဆို ဟန်တွေကြောင့် ပရိသတ်တွေ အားပေးထောက်ခံ မှုကို ရရှိခဲ့တာ ဆိုရင်လည်း မမှားပါဘူး။

Photo Crd - Htet Htet Moe Oo's FB Page
Photo Crd - Htet Htet Moe Oo's FB Page
Photo Crd - Htet Htet Moe Oo's FB Page
Photo Crd - Htet Htet Moe Oo's FB Page

လက်ရှိ အချိန်မှာလည်း live saleတွေ လုပ်နေကာ ရောင်းအား အကောင်းဆုံး တစ်ယောက်အဖြစ် နေမည် ကျော်နေပြီး တစ်ခေတ် တစ်ခါ က ကြော်ငြာ မင်းသမီးလို့ ခေါ်ရလောက်တဲ့ အထိ အောင်မြင်ခဲ့ ရာ ယနေ့ချိန်မှာလည်း ပြန်လည်ခေတ်ထက အောင်မြင်မှုတွေ ရရှိနေတာ ပဲ ဖြစ်ပါတယ်။ ယခုအခါမှာတော့ သူမက အလှူ လုပ်ဖြစ်တာလေးကို "ထက် ၂၀၀၁ ခုနစ်ကလှူခဲ့တဲ့ အလိုတော်ပြည့်ဓမ္မာစရိယတက္ကသိုလ်က အာဟာရသုခဆွမ်းစားကျောင်းဆောင်ကို လိုအပ်တာတချို့ ပြန်လည်ပြုပြင် လှူဒါန်းဖို့ ဒီနေ့သွားကြည့်ခဲ့တယ်။

စလှူခဲ့တုန်းကလည်း အလုပ်တွေလုပ်လိုက် လှူလိုက်နဲ့ပဲ ကျောင်းကြီးဖြစ်ခဲ့ပြီး ယခုအခါမှာလည်း အလုပ်တွေလုပ်ရင်းနဲ့ပဲ ပြန်လည်လှူဒါန်းခွင့်ရတာမို့ အရမ်းကိုမှ ပီတိဖြစ်ရတယ် ချစ်ရသူတွေကိုလည်းမေတ္တာတွေ ပို့ဖြစ်တယ်...." ဆိုပြီး မျှဝေလာတာပဲ ဖြစ်ပါတယ်။

Photo Crd - Htet Htet Moe Oo's FB Page
Photo Crd - Htet Htet Moe Oo's FB Page
Photo Crd - Htet Htet Moe Oo's FB Page
Photo Crd - Htet Htet Moe Oo's FB Page

ဆက်လက်ပြီး "နာယကချုပ်ဆရာတော်ကလည်း

"ကျောင်းဒါယိကာမကြီး

ဘာမှ မပူနဲ့ ဒကာမကြီးရဲ့ ဆွမ်းစားကျောင်းဆောင်မှာ

သံဃာတွေဟာ အမြဲတမ်းတစ်နေ့ ၂ ကြိမ်

ဝေနေယျသတ္တဝါတွေ ပစ္စည်းလေးပါးဒါယကာ ဒါယိကာမတွေကို

မေတ္တာပို့သပေးနေတာကြောင့် ကုသိုလ်တွေ သံဃာတွေရဲ့မေတ္တာတွေအမြဲရနေမှာပါ " ဆိုပြီး ပြောလိုက်တဲ့အချိန်မှာ ရင်ထဲမှာ ပြောမပြတတ်အောင်ပါပဲ ။

ချစ်ရသူတွေအားပေးမှုတွေကြောင့် အလုပ်တွေလုပ်ရင်း

သဒါပေါက်လို့ ဒါနမြှောက်ခဲ့ပြီ......" ဆိုပြီး သူမရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ဖော်ပြလာတာကို ပရိသတ်တွေ အတွက် ပြန်လည်မျှဝေပေးလိုက်တာပဲ ဖြစ်ပါတယ်နော်......။

Photo Crd - Htet Htet Moe Oo's FB Page
Photo Crd - Htet Htet Moe Oo's FB Page
Photo Crd - Htet Htet Moe Oo's FB Page
Photo Crd - Htet Htet Moe Oo's FB Page
Photo Crd - Htet Htet Moe Oo's FB Page
Photo Crd - Htet Htet Moe Oo's FB Page

သတင်း အရင်းအမြစ်Htet Htet Moe Oo's FB Page

Win Zaw Oo
A Win

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T