ချစ်သူများနေ့အတွက် ရည်ရွယ်ထားတဲ့ ချစ်စရာကောင်းတဲ့ သီချင်းလေးကို ကိုမိုးမိုးနဲ့ အတူ ဖန်တီးနေတဲ့ အကြောင်းလေးကို ရှင်းပြလာတဲ့ စိုးပြည့်သဇင်

//s9.kh1.co/29/2931c792b9c5d924e263b27d097540f21b595591.jpg
အနုပညာရှင်များ

 ၃၁-ဇန်-၂၀၂၁ ၉pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာ သိမ်းပိုက် ထားကြတဲ့ ပြည်သူချစ် အနုပညာရှင်တွေထဲက သရုပ်ဆောင် အဆိုတော် စိုးပြည့်သဇင်ကလည်း တစ်ယောက် အပါအဝင်ပဲ ဖြစ်ပါတယ်နော်........။စိုးပြည့်လို့ ပရိသတ်တွေက ချစ်စနိုးခေါ်ကြတဲ့ သူမကတော့ အနုပညာနယ်ပယ်မှာ အချိန်အတော်ကြာအောင် ရပ်တည်နေနိုင်ခဲ့တာ ဖြစ်ပြီး ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကလည်း အများအပြားရှိနေတုန်း ပဲဖြစ်ပါတယ်။သရုပ်ဆောင် ကောင်းတာကြောင့် ဗီဒီယိုဇာတ်ကားတွေ များစွာကို ရိုက်ကူးခဲ့တဲ့ အပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေကိုပါ အောင်မြင်စွာ ရိုက်ကူးနိုင်ခဲ့တဲ့ မင်းသမီးချောလေး ဖြစ်ပါတယ်။

Photo Credit-Soe Pyae Thazin FB Page
Photo Credit-Soe Pyae Thazin FB Page
Photo Credit-Soe Pyae Thazin FB Page
Photo Credit-Soe Pyae Thazin FB Page

စိုးပြည့်ကတော့ သရုပ်ဆောင်ပိုင်းတွင် ထူးချွန်သလို အဆိုပိုင်းတွင်လည်း ချစ်စရာကောင်းတဲ့ အသံလေးနဲ့ ခံစားသက်ဝင်မှု အပြည့်နဲ့ သီဆိုနိုင်တာကြောင့် ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို ထပ်မံရရှိထားတဲ့ အနုပညာရှင် တစ်ဦးပဲ ဖြစ်ပါတယ်။လတ်တလော မှာဆိုရင်လည်း အနုပညာအလုပ်တွေကို ပြန်လည် လုပ်ကိုင်နေတာ ဖြစ်ပြီး သူမရဲ့ ချစ်ပရိသတ်တွေ အတွက် သီချင်းသစ်လေးတွေကို ခံစားနားဆင်နိုင်ဖို့ ထွက်ရှိနိုင်အောင် ကြိုးစားနေတာလည်း တွေ့ရပါတယ်နော်.......။

Photo Credit-Soe Pyae Thazin FB Page
Photo Credit-Soe Pyae Thazin FB Page
Photo Credit-Soe Pyae Thazin FB Page
Photo Credit-Soe Pyae Thazin FB Page

"Hello...? စိုးပြည့်...ဒီရက်ပိုင်းနဲနဲအလုပ်ရှုပ်နေတယ်ရှင်.....ဘာလို့လဲဆိုတော့......ချစ်တဲ့သူလေးတွေအတွက်သီချင်းလေးတစ်ပုဒ်ဖန်တီးပေးနေလို့ပါရှင့်.....သီချင်းလေးကချစ်စရာသီချင်းလေး...Valentine day အတွက်ရည်ရွယ်ထားတဲ့သီချင်းလေးကို...စိုးပြည့်နဲ့အတူတူ...ကိုမိုးမိုးကလည်းအားဖြည့်ပေးထားတဲ့...စုံတွဲသီချင်းလေးပါ....ဖေဖော်ဝါရီလထဲမှာနားဆင်ရမယ်နော်....ဖြေးဖြေးချင်းအမြည်းလေးတွေလာမယ်နော့်?....အဲ့ဒါလာပြောတာ?"ဆိုပြီး ပရိသတ်တွေကို အသိပေးလာတာ ကြောင့် သူမရဲ့ ချစ်ပရိသတ်တွေ အတွက် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်နော်........။

Photo Credit-Soe Pyae Thazin FB Page
Photo Credit-Soe Pyae Thazin FB Page
Photo Credit-Soe Pyae Thazin FB Page
Photo Credit-Soe Pyae Thazin FB Page

သတင်း အရင်းအမြစ်Soe Pyae Thazin FB Page

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T