စားသောက်ဆိုင်တစ်ခုမှာ အောင်မင်းခန့်နဲ့အတူ ဒိတ်လုပ်နေခဲ့ပြီး အသည်းယားစရာဗီဒီယိုလေးကို တင်ပေးလာတဲ့ ယွန်းယွန်း

//s9.kh1.co/28/28d88322c68ff46c489b9a59e58e7c703eb358b0.jpg
အနုပညာရှင်များ

 ၃၁-ဇန်-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

.

ကလေးသရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်လာသူ​လေးကတော့ ယွန်းယွန်းပဲ ဖြစ်ပါတယ်။ ယွန်းယွန်းက ဆယ်ကျော်သက်အရွယ်လေးနဲ့ အကယ်ဒမီထူးချွန်းဆုကို ထိုက်ထိုက်တန်တန်ရရှိထားတာဖြစ်လို့ ပရိသတ်အားပေးမှုကိုများစွာ ရရှိနေသူပါ။ လက်ရှိမှာတော့ ယွန်းက အပျိုဖြန်းမလေး ဖြစ်လို့နေပြီး ရှည်လျားတဲ့ ဆံနွယ်တွေကြောင့် ပုရိသပရိသတ်တွေ ဝန်းရံကြတာလည်း ဖြစ်ပါတယ်။

Photo credit - Yoon Yoon's FB account
Photo credit - Yoon Yoon's FB account
Photo credit - Yoon Yoon's FB account
Photo credit - Yoon Yoon's FB account

ယွန်းယွန်းက အနုပညာပိုင်းမှာ တော်ရုံသာမကပဲ ပညာရေးမှာလည်း ထူးချွန်သူဖြစ်လို့ သူမရဲ့ မိဘတွေက ချီးကျူးမဆုံးဖြစ်နေတာပါ။ ယွန်းက ပညာရေးကိုလည်း အားစိုက်သလို အားလပ်ချိန်မှာလည်း အနုပညာလှုပ်ရှားမှုတွေ ကြိုးစားလုပ်ကိုင်နေတာကို တွေ့ရပါတယ်။ ယွန်းယွန်းက လက်ရှိ လူမှုကွန်ယက် အသုံးပြုသူတွေကြားမှာ ရေပန်းစားနေတဲ့ Double Dating program လေးမှာ ပါဝင်အားဖြည့်ထားတာလည်း ဖြစ်ပါတယ်။

Photo credit - Yoon Yoon's FB account
Photo credit - Yoon Yoon's FB account
Photo credit - Yoon Yoon's FB account
Photo credit - Yoon Yoon's FB account

ယွန်းယွန်းက အဲ့ဒီ အစီအစဥ်လေးထဲမှာ သရုပ်ဆောင် အောင်မင်းခန့်နဲ့အတူ ပါဝင်ရိုက်ကူးရတာဖြစ်ပြီး အရမ်းကိုလိုက်ဖက်ကြလို့ ပရိသတ်တွေက အချစ်ပိုကြတာပါနော်။ အစီအစဥ်လေးနဲ့ပတ်သတ်တဲ့ ပုံလေးတွေနဲ့ ဗီဒီယိုလေးတွေကို လူမှုကွန်ယက် ဖေ့ဘွတ်အကောင့်မှာ တင်ပေးလေ့ရှိတဲ့ ယွန်းယွန်းတစ်ယောက် ယနေ့မှာလည်း တင်ပေးလာပြန်ပါတယ်။ ဒါကတော့ Facebook story ထက်မှာ အောင်မင်းခန့်နဲ့အတူ အစားစားရင်း ရိုက်ကူးထားတဲ့ ဗီဒီယိုလေးပဲ ဖြစ်ပါတယ်။ အဆိုပါ ဗီဒီယိုလေးကို ချစ်ပရိသတ်တွေ ကြည့်ရှုစေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ 

Photo credit - Yoon Yoon's FB account
Photo credit - Yoon Yoon's FB account
Photo credit - Yoon Yoon's FB account
Photo credit - Yoon Yoon's FB account
Photo credit - Yoon Yoon's FB account
Photo credit - Yoon Yoon's FB account

သတင်း အရင်းအမြစ်Source - Yoon Yoon's FB account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T