မိတ်ကပ်ပညာကို လေ့လာပြီး ကိုယ်တိုင်ဘဝခရီးကို စတင်လျှောက်လှမ်းခဲ့စဥ်မှာ အခက်အခဲတွေများစွာနဲ့ ကြုံတွေ့ခဲ့ရတယ်ဆိုတဲ့ မကြီး ခင်စန်းဝင်း

//s9.kh1.co/aa/aa2e6f1badbe398d739e7cdc208f9d07d3cfe4e9.jpg
အနုပညာရှင်များ

 ၃၁-ဇန်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ မကြီးခင်စန်းဝင်းကတော့ ခက်ခဲကြမ်းတမ်းလှတဲ့ သူရဲ့ ငယ်ဘဝအကြောင်းလေး လူမှုကွန်ယက်ထက်မှာ ရေးသားရင်ဖွင့်လာခဲ့ပါတယ်။ ယခုအချိန်မှာ အောင်မြင်မှုတွေနဲ့ ကြုံတွေ့နေရပေမယ့်လည်း ဖြတ်သန်းခဲ့ရတဲ့ အတိတ်က တွေးကြည့်ရင်တောင် ရင်နာဖို့ကောင်းနေတာမျိုးရှိပါတယ်။ ယနေ့မှာတော့ မကြီးခင်စန်းဝင်းက ရင်နာနာနဲ့ပဲ သူရဲ့အကြောင်းလေး ပြောပြလာခဲ့ပါတယ်။

Photo credit - Khin San Win's Facebook Account
Photo credit - Khin San Win's Facebook Account
Photo credit - Khin San Win's Facebook Account
Photo credit - Khin San Win's Facebook Account

ဒါကတော့ " ၁၉၉၅ခုနှစ်လောက်ကပေါ့ ဘဝအတွက်ရုံးကန်တက်ကြွတဲ့လူငယ်လေးတယောက် တစ်လကို၈၀၀ကျပ်ပေးရတဲ့အိမ်အရှေ့ခန်းလေးကို ဆိုင်ခန်းလုပ်ပြီးဘဝကိုစလျှောက်ခဲ့ရတာပေါ့ အရင်တုံးကဖရေဇာအခုဗိုလ်ချုပ်လမ်းမပေါ်၃၄လမ်းထိပ်မှာပေါ့ အခက်ခဲတွေပေါင်းစုံရင်ဆိုင်ပြီးနေရတဲ့အိမ်ကရွှေပြည်သာမှာ,ည၁၀နာရီအပြင်မထွက်ရအမိန့်နဲ့ဆိုင်လူကျလို့ နောက်ကျတဲ့နေ့တွေဆိုအိမ်ပြန်ဖို့မမှီလို့ဆိုင်ရှင်ကလည်း ညအိပ်လက်မခံလို့လှေခါးမှ တိတ်တဆိတ်ညအိပ်ခဲ့ရတာတွေဘယ်သူသိနိုင်မလဲ

Photo credit - Khin San Win's Facebook Account
Photo credit - Khin San Win's Facebook Account
Photo credit - Khin San Win's Facebook Account
Photo credit - Khin San Win's Facebook Account
Photo credit - Khin San Win's Facebook Account
Photo credit - Khin San Win's Facebook Account

သူငယ်ချင်းတွေအိမ်မှာအကူညီတောင်းပြီးညလိုက်အိပ် ပြန်တော့တစ်ညအပြင်၂ညဆက်အိပ်ဖို့သူ့ရဲ့ညီအကို မောင်နှစ်မတွေကလက်မခံတော့လိုက်အိပ်ခွင့်မရ အခန်းဌားပြီးနေဖို့ကျတော့ဆိုင်ခန်းတောင်အမဆွဲကြိုး ရောင်းပြီးဌားခဲ့ရတာဆိုတော့ဘယ်လိုမှမတတ်နိုင်ခဲ့ဘူး တစ်ခါတစ်လေရန်ကုန်ဘူတာကြီးမှာမနက်အစောကြီး ရထားစီးဖို့ညကတည်းကစောင့်စီးတဲ့ခရီးသည်လိုလို တစ်ညလုံးမိုးလင်းခဲ့ရတာတွေလဲရှိခဲ့တယ် ကျမကန္တာရထဲမှာခက်ခက်ခဲခဲပေါက်ခဲ့ရတဲ့အပင်ငယ်လေးလိုဘဝမျိုးပါ " ဆိုပြီး ရင်ဖွင့်လာတာဖြစ်လို့ ပရိသတ်တွေထံ ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Photo credit - Khin San Win's Facebook Account
Photo credit - Khin San Win's Facebook Account
Photo credit - Khin San Win's Facebook Account
Photo credit - Khin San Win's Facebook Account
Photo credit - Khin San Win's Facebook Account
Photo credit - Khin San Win's Facebook Account

သတင်း အရင်းအမြစ်Source - Khin San Win's Facebook Account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T