ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာမှာ ငွေကျပ်၃သိန်းနဲ့အတူ လိုအပ်နေတဲ့ ကလေးအသုံးအဆောင်ပစ္စည်းတွေကို သွားရောက်လှူဒါန်းခဲ့တဲ့ စန္ဒီမြင့်လွင်

//s9.kh1.co/9d/9dfcbcf50d8bef162bdd74c69051602b3e4e6b77.jpg
အနုပညာရှင်များ

 ၃၁-ဇန်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင် အဆိုတော် စန္ဒီမြင့်လွင်ကတော့ ဒီကနေ့လေးမှာ မွန်မြတ်တဲ့ အလှူဒါနတွေကို ပြုလုပ်လိုက်ပြန်ပါပြီ။ အနုပညာလောကမှာ နေရာတစ်ခုကို အခိုင်အမာစိုက်ထူထားနိုင်တဲ့ စန္ဒီမြင့်လွင်တစ်ယောက် တေးသီချင်းပေါင်းများစွာကို ထွက်ရှိအောင်မြင်ခဲ့ပြီး ဗီဒီယိုဇာတ်ကားတွေမှာလည်း ပီပြင်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ပါဝင်ရိုက်ကူးခဲ့သူပါ။ သူမရဲ့ သီချင်းတွေဟာဆိုရင် လူငယ်ပရိသတ်တွေကြား ရေပန်းစားအောင်မြင်နေဆဲ ဖြစ်ပါတယ်။

Photo credit - Khine Hnin Wai's FB account

အိမ်ထောင်ပြုပြီးသည့်အချိန်အထိ အနုပညာအလုပ်တွေကို ဖြည်းဖြည်းနဲ့ မှန်မှန်လုပ်ကိုင်နေတဲ့ သူမကို ပရိသတ်တွေက စောင့်ကြည့်အားပေးနေကြတာပါ။ သမီးလေး Treasure လေးကို မွေးဖွားထားတာတောင် အလှမပျက်ပဲ တစ်သားမွေးတစ်သွေးလှနေတဲ့ စန္ဒီမြင့်လွင်ကို မိန်းကလေးအချင်းချင်းကပါ အားကျရတာလည်းဖြစ်ပါတယ်။ သူမကလည်း ရုပ်ရည်လေးက လှပသလို စိတ်ထားကလည်း ဖြူစင်တာကို တွေ့ရပါတယ်။

Photo credit - Khine Hnin Wai's FB account
Photo credit - Khine Hnin Wai's FB account
Photo credit - Khine Hnin Wai's FB account
Photo credit - Khine Hnin Wai's FB account
Photo credit - Khine Hnin Wai's FB account
Photo credit - Khine Hnin Wai's FB account

စန္ဒီမြင့်လွင်က ဒီကနေ့မှာလည်း ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာမှာ သွားရောက်အလှူပြုနေခဲ့ပါတယ်။ ခိုင်နှင်းဝေးက စန္ဒီမြင့်လွင်လာရောက်လှူဒါန်းပြီး ကလေးတွေကို ချီကာ ရိုက်ကူးထားတဲ့ ပုံလေးတွေကို တင်ပေးလာရင်း " ညီမလေး စန္ဒီမြင့်လွင်(ခ) ဒီဒီး မှ အလှူငွေ (၃)သိန်းနှင့် (ငွေကျပ် (၁၆)သိန်း ခန့်) တန်ဘ်ိုးရှိ Plume Small Baby ပစ္စည်းများ၊ OHGIYA Cheese များ လာရောက် လှူဒါန်းပေးပါတယ်ရှင်..ညီမလေးတို့ မိသားစု ဆန္ဒနဲ့ ဘဝ တထပ်ထဲကျပါစေ..စိတ်ရော ကိုယ်ပါ ကျန်းမာ ချမ်းသာပီး ဒီထက်မက အောင်မြင်ပါစေနော် သာဓု သာဓု သာဓု ပါရှင်.." ​ဆိုပြီး ရေးသားထားတာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှု အချစ်ပိုစေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ 

Photo credit - Khine Hnin Wai's FB account
Photo credit - Khine Hnin Wai's FB account
Photo credit - Khine Hnin Wai's FB account
Photo credit - Khine Hnin Wai's FB account
Photo credit - Khine Hnin Wai's FB account
Photo credit - Khine Hnin Wai's FB account

သတင်း အရင်းအမြစ်Source - Khine Hnin Wai's FB account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T