အငယ်ဆုံးချစ်သမီးလေးအတွက် မွေးနေ့ဆုတောင်းစကားလေးတွေနဲ့ အမှတ်တရလေးတွေကို ထုတ်ပြလိုက်တဲ့ နိုင်နိုင်း

//s9.kh1.co/69/691b53d0b613cdbd6165d6b8681c6a9495aac36a.jpg
အနုပညာရှင်များ

 ၃၁-ဇန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးတို့ရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြသလို အနုပညာလောကမှာ ပီပြင်ပိုင်နိုင်တဲ့သရုပ်ဆောင်ကောင်းမှုတွေအပြင် တည်ငြိမ်လန့်ညားတဲ့ပုံရိပ်လေးတွေကြောင့်လည်း အောင်မြင်စွာရပ်တည်နေသူပဲ ဖြစ်ပါတယ်နော်..။

နိုင်နိုင်းကတော့ ယောကျ်ားပီသပြီးဆွဲဆောင်မှုရှိတဲ့ ဟန်ပန်လေးတွေကြောင့် မိန်းကလေးပရိသတ်တွေကြားရေပန်းစားသလို ယောကျ်ားလေးပရိသတ်တွေကပါ အားကျချစ်ခင်နေကြရသူဆိုလည်း မမှားပါဘူးနော်..။

Photo Credit - Actor 99's Fb Page
Photo Credit - Actor 99's Fb Page
Photo Credit - Actor 99's Fb Page
Photo Credit - Actor 99's Fb Page
Photo Credit - Actor 99's Fb Page
Photo Credit - Actor 99's Fb Page

နိုင်နိုင်းကတော့ ချစ်ဇမီးချောလေးအပြင် ချစ်စရာကောင်းတဲ့ သားသားမီးမီးလေးတွေနဲ့အတူ ကြည်နူးပျော်ရွှင်စရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေတာဖြစ်ပြီး အခုတစ်ခါမှာလည်း ချစ်သမီးငယ်လေးရဲ့ မွေးနေ့လေးမှာ အမှတ်တရလေးတွေကို ဝေမျှလာပါတယ်နော်..။

လေးယောက်မြောက် ချစ်သမီးအငယ်ဆုံးလေးရဲ့ မွေးနေ့ဆုတောင်းစကားတွေနဲ့အတူ မွေးနေ့အလှူလေးတွေလည်း ပြုလုပ်ပေးခဲ့ပြီး သူတို့မိသားစုအမှတ်တရလေးတွေကိုလည်း ဝေမျှထားတာမို့ ပရိသတ်တွေကလည်း သဘောကျချစ်ခင်နေကြမှာပါနော်..။

Photo Credit - Actor 99's Fb Page
Photo Credit - Actor 99's Fb Page
Photo Credit - Actor 99's Fb Page
Photo Credit - Actor 99's Fb Page
Photo Credit - Actor 99's Fb Page
Photo Credit - Actor 99's Fb Page

"Happy Birthday Emereece..ရဲဘော် ၄ရဲ့ မွေးနေ့အမှတ်တရ၊

Actor99.." ဆိုပြီး ချစ်သမီးလေးရဲ့ မွေးနေ့လေးမှာ ဆုတောင်းစကားလေးနဲ့အတူ အမှတ်တရလေးတွေကိုလည်း ဝေမျှထားတာ ဖြစ်ပါတယ်နော်..။

အဲ့ဒီပို့စ်ရဲ့အောက်မှာတော့ ပရိသတ်တွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေကလည်း ဆုတောင်းစကားလေးတွေနဲ့အတူ အားပေးစကားလေးတွေလည်း ပြောထားကြတာ တွေ့ရတာမို့ အားလုံးအတွက် ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Actor 99's Fb Page
Photo Credit - Actor 99's Fb Page
Photo Credit - Actor 99's Fb Page
Photo Credit - Actor 99's Fb Page
Photo Credit - Actor 99's Fb Page
Photo Credit - Actor 99's Fb Page

သတင်း အရင်းအမြစ်Actor 99's Fb Page

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T