သတို့သမီးလေး အိချောပိုရဲ့မျက်နှာကိုကြည့်ကာ ပြုံးနေခဲ့ပြီး ကြည်နူးပျော်ရွှင်နေတဲ့ ထွန်းကိုကိုရဲ့ ရိုက်ကွင်းပုံရိပ်

//s9.kh1.co/e3/e38ff3f694b03b514da2b1aeacf112aa315c4dc7.jpg
အနုပညာရှင်များ

 ၃၁-ဇန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင် မင်းသားချော ထွန်းကိုကိုကတော့ ရိုက်ကွင်းထက်က အမှတ်တရပုံရိပ်လေးတွေကို လူမှုကွန်ယက် ဖေ့ဘွတ်အကောင့်မှာ တင်ပေးလာခဲ့ပါတယ်။ ထွန်းကိုကိုက အရပ်ရှည်ပြီး စမတ်ကျကာ ဖက်ရှင်ပိုင်းကိုလည်း ကြည့်ကောင်းအောင် ဝတ်ဆင်တတ်သူဖြစ်လို့ မိန်းကလေးပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို တစ်ခဲနက်ရရှိထားတာပါ။ ရုပ်ရည်ချောမောသလို စိတ်ထားလည်း ဖြူစင်တာကြောင့် ပရဟိတလုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်နေတာကို တွေ့ရပါတယ်။

Photo credit - Yanpaing Tunko's FB account
Photo credit - Yanpaing Tunko's FB account

ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်းမှာ အကျိုးဆောင်အနေနဲ့ ပါဝင်ကူညီနေတဲ့ ထွန်းကိုကိုတစ်ယောက် အနုပညာအလုပ်တွေကိုလည်း ကြိုးစားလုပ်ကိုင်နေတာပါနော်။ လက်ရှိမှာလည်း ထွန်းကိုကိုက ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေတာဖြစ်ပြီး ရိုက်ကွင်းနောက်ကွယ်က အမှတ်တရပုံလေးတွေကို ဝေမျှလေ့ရှိတာလည်း ဖြစ်ပါတယ်။ မကြာသေးတဲ့ နာရီပိုင်းအချိန်ကလည်း ထွန်းကိုကိုက အိချောပိုနဲ့အတူ ပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo credit - Yanpaing Tunko's FB account
Photo credit - Yanpaing Tunko's FB account
Photo credit - Yanpaing Tunko's FB account
Photo credit - Yanpaing Tunko's FB account

ထွန်းကိုကိုက မင်းသမီးချောလေး အိချောပိုရဲ့ မျက်နှာလေးကိုကြည့်ပြီး ပြုံးနေတဲ့ ကြည်နူးစရာရိုက်ကွင်းပုံရိပ်လေးကို တင်ပေးလာတာပါ။ သတို့သမီး သတို့သားတွေအဖြစ် သရုပ်ဆောင်နေကြတဲ့ အိချောပိုနဲ့ ထွန်းကိုကိုရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေထံ ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။ အဆိုပါ ပုံလေးတွေကိုကြည့်ပြီး ပရိသတ်တွေကလည်း အသည်းလေးတွေပေးခဲ့ကြပါအုန်းနော် ။ 

Photo credit - Yanpaing Tunko's FB account
Photo credit - Yanpaing Tunko's FB account
Photo credit - Yanpaing Tunko's FB account
Photo credit - Yanpaing Tunko's FB account

သတင်း အရင်းအမြစ်Source - Yanpaing Tunko's FB account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T