တော်ဝင်သဇင်ပန်းတွေကို ခေါင်းထက်မှာ ပန်ဆင်ပြီး ကျက်သရေရှိတဲ့ မြန်မာဝတ်စုံနဲ့ တင့်တယ်လှပနေတဲ့ ပရိသတ်အချစ်တော် သက်မွန်မြင့်

//s9.kh1.co/d5/d55c67303ceb3c8ae3cb30832bc42ef635140d25.jpg
အနုပညာရှင်များ

 ၃၁-ဇန်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင် မင်းသမီးချောလေး သက်မွန်မြင့်ကတော့ အနုပညာလောကမှာ ဒိတ်ဒိတ်ကြဲ အောင်မြင်မှုတွေရရှိထားတဲ့ သူတစ်ယောက်ပါ။ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်ဦးဖြစ်တဲ့ သက်မွန်မြင့်က ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ကျရာဇာတ်ရုပ်ကို ပေါ်လွင်အောင် ရိုက်ကူးတတ်သူဖြစ်လို့ အကယ်ဒမီဆုကြီးတွေကိုလည်း ထိုက်ထိုက်တန်တန်ရရှိထားတဲ့ သူပဲ ဖြစ်ပါတယ် ။ 

Photo credit - Aung Zaw (Love Space )
Photo credit - Aung Zaw (Love Space )
Photo credit - Aung Zaw (Love Space )
Photo credit - Aung Zaw (Love Space )
Photo credit - Aung Zaw (Love Space )
Photo credit - Aung Zaw (Love Space )

သက်မွန်မြင့်က ဖြူစင်ရိုးသားတဲ့ တိုင်းရင်းသူလေးဖြစ်ပြီး တမူထူးခြားတဲ့အလှကို ပိုင်ဆိုင်ထားသူဖြစ်လို့ မိန်းကလေးအချင်းချင်းကပါ အားကျရတာလည်းဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးတဲ့အချိန်ထိ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေတဲ့ သက်မွန်မြင့်တစ်ယောက် သားနဲ့သမီးလေးကိုလည်း အချစ်တွေပေးကာ ဂရုစိုက်ပျိုးထောင်တာကိုလည်း တွေ့ရပါတယ်။ ကလေးနှစ်ယောက် မိခင်ဖြစ်ပေမယ့်လည်း မပျက်စီးသေးတဲ့အလှတရားတွေကြောင့် ပရိသတ်အားပေးအချစ်ပိုမှုကို တစ်ခဲနက်ရရှိထားတာပါ။ 

Photo credit - Aung Zaw (Love Space )
Photo credit - Aung Zaw (Love Space )
Photo credit - Aung Zaw (Love Space )
Photo credit - Aung Zaw (Love Space )
Photo credit - Aung Zaw (Love Space )
Photo credit - Aung Zaw (Love Space )

သက်မွန်က ကိုဗစ်ကာလမှာတောင် အနုပညာလှုပ်ရှားမှုတွေဆက်တိုက်ဆိုသလို လုပ်ကိုင်ရတာဖြစ်ပြီး ယနေ့မှာလည်း Photo shooting တစ်ခုအတွက် ရိုက်ကူးပေးနေတာ ဖြစ်ပါတယ်။ ရှုတင်အတွက် ပြင်ဆင်နေတဲ့သူမက ခေါင်းထက်မှာ တော်ဝင်သဇင်ပန်းတွေ ပန်ဆင်ပြီး တလက်လက်တောက်နေတဲ့ မြန်မာဝတ်စုံနဲ့ ကျက်သရေရှိပြီးတင့်တယ်နေတာပါ။ သက်မွန်ရဲ့အလှက ကြည့်မိသူတွေရင်ထဲ အချစ်ပိုသွားမိစေမှာ အသေအချာပဲဖြစ်လို့ ပရိသတ်တွေထံ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ 

Photo credit - Aung Zaw (Love Space )
Photo credit - Aung Zaw (Love Space )
Photo credit - Aung Zaw (Love Space )
Photo credit - Aung Zaw (Love Space )
Photo credit - Aung Zaw (Love Space )
Photo credit - Aung Zaw (Love Space )

သတင်း အရင်းအမြစ်Source - Thet Mon Myint's Facebook Page

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T