ဒီတစ်ခေါက်မှာတော့ အားလုံးသိကြတဲ့ အတိုင်း အသံချိုချို သာသာ အေးအေးလေးနဲ့ စွဲဆောင်မှုရှိရှိ သီချင်း သီဆို ဟန်တွေကြောင့် ပရိသတ်တွေ ရင်ထဲ ရောက်ရှိခဲ့တဲ့ နီနီခင်ဇော်ပဲ ဖြစ်ပါတယ်။ နီနီဟာ အသံပါဝါအားကောင်းပြီး အဆွေးသီချင်းတွေ ကို အလွမ်း ဓာတ်ခံပါပါ သီဆို မှုတွေ ကြောင့် ပရိသတ်တွေ အားပေးထောက်ခံမှုကို ရရှိခဲ့တာ ဆိုရင် လည်း မမှားပါဘူး။ လက်ရှိမှာလည်း ဒိုင်တစ်ယောက် အနေနဲ့ ပွဲတွေမှာ ပါဝင်နေရပြီး ပရိသတ်တွေ အားပေးမှုနဲ့ အတူ အနုပညာ လမ်းကို ဆက်လက်လျှောက်လှမ်းနေတာပဲ ဖြစ်ပါတယ်။
နီနီဟာ ဆရာဝန် တစ်ဦး ဖြစ်ပြီး သူမဝါသနာ ပါရာ ဂီတလမ်းကို တဆိုက် မက်မက် လျှောက်လှမ်းကာ သီချင်းတွေကို တီထွင် ဖန်တီးနေတာ ပဲ ဖြစ်ပါတယ်။ ယခု အချိန်မှာလည်း ဖိတ်ထားတဲ့ပွဲတွေ တက်လိုက် သီချင်းတွေ ဖန်တီးနေကာ ပရိသတ်တွေနဲ့ အဆက်အသွယ် မပျက်ရှိနေတာပဲ ဖြစ်ပါတယ်။ ယခုအခါမှာတော့ သူမဘဝရဲ့ မှတ်တိုင်တစ်ခု ဖြစ်တဲ့ ဂီတ လမ်းရဲ့ အသိအမှတ်ပြုခြင်းခံရကာ City FM က ချီးမြင်တဲ့ ဆုကို လက်ခံ ရရှိ ခဲ့တာပဲ ဖြစ်ပါတယ်။
ဒီတစ်ခါမှတော့ "19th ကြိမ်မြောက်City FM award ဆုပေးပွဲမှာ
The Most Popular Female Artist of the year 2020 တေးသီချင်းတောင်ဆိုခံရမှုအများဆုံး အမျိုးသမီးတေးသံရှင်ဆု (၆ဆုမြောက်)လက်ခံရရှိခဲ့ရတဲ့အတွက် တောင်းဆိုပေးခဲ့ကြတဲ့ Ninians တွေ ပရိသတ်တဦးချင်းကို ကျေးဇူးတင်ပါတယ်...
နီနီရဲ့ အနုပညာအလုပ်တွေကိုပံ့ပိုးပေးကြတဲ့ အနုပညာအကိုတွေမောင်နှမတွေအားလုံး နဲ့ ခွန်အားပေးတဲ့ မိသားစု နဲ့ အထူးသဖြင့် Ninians တွေကို ကျေးဇူးတင်ပါတယ်ရှင်.....
CITY FM Award ဟာဘယ်လောက်တိကျလဲဆို နီနီတို့လည်း Live ကြည့်မှသိရတာပါ ရိုက်ကူးတဲ့နေ့ကလည်းကျေးဇူးတင်စကားကို Nominated Artists တွေအကုန်ရိုက်ခဲ့ရတာပါ.... ကြိုမသိခဲ့ရပါဘူးးးး" ဆိုကာ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြလာတာကို ပရိသတ်ကြီးတို့ အတွက် ပြန်လည် မျှဝေပေးလိုက်တာပဲ ဖြစ်ပါတယ်နော်......။
သတင်း အရင်းအမြစ်៖ Ni Ni Khin Zaw's FB page