အထာကျကျဖက်ရှင်လေးတွေမျိုးစုံနဲ့ သန့်ပြန့်ခန့်ညားလွန်းတဲ့ ပုံလေးတွေ တင်ကာ မိန်းမလှလေးတွေကိုကြွေစေပြန်တဲ့ စိုင်းစိုင်း

//s9.kh1.co/61/61d9fcce2bf14d5166fae479e4b46aaaf929942a.jpeg
အနုပညာရှင်များ

 ၃၀-ဇန်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.....

စိုင်းစိုင်းကတော့ မြန်မာနိုင်ငံရဲ့ လူကြိုက်အများဆုံး အဆိုတော်တစ်ဦးလို့ ပြောရလောက်အောင် နာမည်ကြီးအောင်မြင်သူတစ်ယောက် ဖြစ်ပါတယ်။ စိုင်းစိုင်းက Hip Hop ,Pop , Rap ဂီတအမျိုးအစားတွေကို ကိုယ်ပိုင်သံစဉ်တွေဖန်တီးကာ စိတ်တိုင်းကျရေးစပ်သီဆိုလေ့ရှိသူ ဖြစ်ပါတယ်။ ဒါ့အပြင် ကဗျာဆန်ဆန် စာသားလေးတွေနဲ့ မိန်းကလေး ပရိသတ်တွေ အကြိုက်တွေ့အောင် ဖန်တီးရေးသားလေ့ရှိသလို ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အဘက်ဘက်က အပြစ်ပြောစရာမရှိအောင် စိုင်းက ထူးချွန်ထက်မြက်တာကြောင့်လည်း ယနေ့တိုင် နာမည်ကိုထိန်းထားနိုင်တဲ့သူ ဖြစ်ပါတယ်။

Photo Credit : Fred photography
Photo Credit : Fred photography
Photo Credit : Fred photography
Photo Credit : Fred photography

ခေတ်မှီနုပျိုပြီး စမတ်ကျကျနေတတ်တာကလည်း စိုင်းရဲ့ဆွဲဆောင်မှုရှိတဲ့အချက်တစ်ခုလည်း ဖြစ်ပါတယ်။ မမအရွယ်တွေကစလို့ ဆယ်ကျော်သက်အရွယ် နှုတ်ခမ်းနီမလေးတွေတော်တော်များများရဲ့အားပေးမှုရရှိထားတဲ့ သူလည်းဖြစ်ပါတယ်။ လတ်တလောမှာတော့ အထာကျကျဖက်ရှင်လေးတွေမျိုးစုံနဲ့ သန့်ပြန့်ခန့်ညားလွန်းတဲ့ အမိုက်စား ပုံလေးတွေကို ပရိသတ်တွေကြည့်ရှုနိုင်စေရန် သူရဲ့ဖေ့ဘွတ်စာမျက်နှာမှာ ဖော်ပြထားတာတွေ့ရပါတယ်။ပုံတိုင်းက ကြွေချင်စရာကောင်းလောက်အောင် ဂေါ်လွန်းနေတာအမှန်ပါပဲ။

Photo Credit : Fred photography
Photo Credit : Fred photography
Photo Credit : Fred photography
Photo Credit : Fred photography

သူရဲ့ အမာခံပရိတ်သတ်တွေကလည်း ဟိုအရင်ချိန်တစ်ခေတ်တစ်ခါထဲက အားပေးလာကြတာ ယနေ့ထိ သူအပေါ်အချစ်တွေလျော့မသွားပဲ ပိုပိုတိုး ချစ်လာအားပေးလိုက်ကြတာ စိုင်းစိုင်းရဲ့ အောင်မြင်မှု လျိုဝှက်ချက်လေးပါပဲ။နာမည်ကြီးအဆိုတစ်ယောက်အဖြစ် အောင်မြင်ရုံသာမကပဲ စီပွားရေးပိုင်းမှာလည်း အောင်မြင်နေသူလည်းဖြစ်ပါတယ်။ကဲ...စိုင်းစိုင်းပရိသတ်တွေအတွက် စိုင်းရဲ့ဖက်ရှင်ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။

Photo Credit : Fred photography
Photo Credit : Fred photography
Photo Credit : Fred photography
Photo Credit : Fred photography

Source : Sai Sai Kham Leng Facebook Page 

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T