အဝတ်အစားသွားဝယ်တာတောင် တစ်ယောက်ဝတ်ဖို့ကို တစ်ယောက်ကရွေးပေးကြတဲ့အထိ အရမ်းချစ်နေကြတဲ့ ရွှေရွှေတို့ဇနီးမောင်နှံ

//s9.kh1.co/e9/e9815178de554b4f2e213d16796102440d446e80.jpg
အနုပညာရှင်များ

 ၃၀-ဇန်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

အဝတ်အစားသွားဝယ်တာတောင် တစ်ယောက်ဝတ်ဖို့ကို တစ်ယောက်က ရွေးပေးကြတဲ့အထိ အရမ်းချစ်နေကြတဲ့ ရွှေရွှေတို့ဇနီးမောင်နှံ

မြန်မာနိုင်ငံရဲ့နာမည်ကြီးအနုပညာရှင်စုံတွဲတစ်တွဲဖြစ်တဲ့ ရွှေထူးနဲ့ရွှေမှုံရတီတို့ဇနီးမောင်နှံကိုတော့ ပရိသတ်တွေအားလုံးက ရွှေရွှေတို့စုံတွဲလို့ ချစ်စနိုးနဲ့ ခေါ်ဝေါ်ကြတာ ဖြစ်ပါတယ် ။ တစ်ယောက်ကိုတစ်ယောက် အချစ်စစ်နဲ့ အပြန်အလှန်ချစ်မြတ်နိုးကြပြီး ရွှေလက်တွဲခဲ့ကြတဲ့ သူတို့စုံတွဲလေးက အရမ်းကို စိတ်တူကိုယ်တူရှိကြတာ ဖြစ်ပါတယ် ။ ရွှေထူးနဲ့ ရွှေမှုံရတီတို့က အနုပညာအလုပ်တွေကိုလည်း အတူတူလုပ်ကိုင်ကြပြီး ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို ဆက်လက်ရရှိနေတာ ဖြစ်ပါတယ် ။

Photo Credit-Myo Minn Soe's FB Acc
Photo Credit-Myo Minn Soe's FB Acc
Photo Credit-Myo Minn Soe's FB Acc
Photo Credit-Myo Minn Soe's FB Acc
Photo Credit-Myo Minn Soe's FB Acc
Photo Credit-Myo Minn Soe's FB Acc
Photo Credit-Myo Minn Soe's FB Acc
Photo Credit-Myo Minn Soe's FB Acc

အခုလည်း ရွှေထူးနဲ့ ရွှေမှုံရတီတို့ဇနီးမောင်နှံက မန္တလေးမှာရှိတဲ့ ဒီဇိုင်နာမျိုးမင်းစိုးရဲ့ဆိုင်ကို သွားရောက်ပြီး အထည်တွေအားပေးခဲ့ကြတာ ဖြစ်ပါတယ် ။ ရွှေရွှေတို့စုံတွဲလေးက သူတို့နဲ့ခင်မင်ရင်းနှီးတဲ့ ကိုမျိုးမင်းစိုးဆီမှာ အထည်တွေအများအပြား ဝယ်ယူခဲ့ကြတဲ့အပြင် အမှတ်တရဓာတ်ပုံတွေကိုလည်း အတူရိုက်ကူးခဲ့ကြသေးတာ ဖြစ်ပါတယ် ။ ကိုမျိုးမင်းစိုးကတော့ ရွှေရွှေတို့စုံတွဲရဲ့စျေးဝယ်တဲ့ပုံစံလေးကိုကြည့်ပြီး သဘောကျကြည်နူးခဲ့ရတာပဲ ဖြစ်ပါတယ် ။

Photo Credit-Myo Minn Soe's FB Acc
Photo Credit-Myo Minn Soe's FB Acc
Photo Credit-Myo Minn Soe's FB Acc
Photo Credit-Myo Minn Soe's FB Acc
Photo Credit-Myo Minn Soe's FB Acc
Photo Credit-Myo Minn Soe's FB Acc
Photo Credit-Myo Minn Soe's FB Acc
Photo Credit-Myo Minn Soe's FB Acc
Photo Credit-Myo Minn Soe's FB Acc
Photo Credit-Myo Minn Soe's FB Acc

ဒီဇိုင်နာမျိုးမင်းစိုးက "ပိုးစစ်ချိတ်တွေ​အများကြီးဝယ်သွားသော...​ရွှေမှုံနဲ့​ရွှေထူး​ကျေးဇူးအထူးပါလို့....ပြီး​တော့​ ရွှေမျိုး ready to wear အင်္ကျီလေး​တွေ​ရော အများကြီး အား​ပေးသွားလို့​ ကျေးဇူးအထူးပါလို့....​ရွှေမှူံဝတ်ဖို့​ ရွှေထူး​ရွေး​ပေးသလို...​ရွှေထူးဝတ်ဖို့လည်း​ ရွှေမှုံ​ပဲရွေး​ပေးတာပဲယူကြတဲ့အရမ်းချစ်ကြတဲ့စုံတွဲလေး မြင်ရတာစိတ်ချမ်းသာလိုက်တာ..." ဆိုပြီး ရွှေရွှေတို့အကြောင်းကို ပြောပြရင်း ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ် ။ ကဲ ဒီဇိုင်နာမျိုးမင်းစိုးဆီမှာ အထည်တွေဝယ်ယူအားပေးခဲ့ကြတဲ့ ရွှေထူးနဲ့ရွှေမှုံတို့ဇနီးမောင်နှံရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Myo Minn Soe's FB Acc

Photo Credit-Myo Minn Soe's FB Acc
Photo Credit-Myo Minn Soe's FB Acc
Photo Credit-Myo Minn Soe's FB Acc
Photo Credit-Myo Minn Soe's FB Acc
Photo Credit-Myo Minn Soe's FB Acc
Photo Credit-Myo Minn Soe's FB Acc
Photo Credit-Myo Minn Soe's FB Acc
Photo Credit-Myo Minn Soe's FB Acc
Photo Credit-Myo Minn Soe's FB Acc
Photo Credit-Myo Minn Soe's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T