ခင်မင်ရတဲ့အနုပညာရှင်မောင်နှမတွေနဲ့ အလုပ်တွေအတူတူပြန်လုပ်ရပြီမို့ အတိုင်းမသိဝမ်းသာပျော်ရွှင်နေခဲ့တဲ့ ခင်သဇင်

//s9.kh1.co/8e/8e56ee61a6cab4a14b92df78712cdd5598ca844d.jpg
အနုပညာရှင်များ

 ၃၀-ဇန်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

ခင်မင်ရတဲ့အနုပညာရှင်မောင်နှမတွေနဲ့ အလုပ်တွေအတူတူပြန်လုပ်ရပြီမို့ အတိုင်းမသိဝမ်းသာပျော်ရွှင်နေခဲ့တဲ့ ခင်သဇင်

မင်းသမီးခင်သဇင်ကတော့ လေယာဥ်မယ်အလုပ်ကိုစွန့်လွှတ်ပြီး အနုပညာလောကထဲကိုဝင်ရောက်လာခဲ့သူတစ်ယောက်ဖြစ်ကာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း အခိုင်အမာရယူထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်လျက်ရှိနေတဲ့ သူမကတော့ အချိုးအစားပြေပြစ်ပြီး သွယ်လျလှပတဲ့ အမိုက်စားခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားတာပဲဖြစ်ကာ အလန်းစားပုံရိပ်လေးတွေကိုလည်း ချပြလေ့ရှိပါတယ်။

Photo Credit: Khin Thazin ' s Facebook Acc
Photo Credit: Khin Thazin ' s Facebook Acc
Photo Credit: Khin Thazin ' s Facebook Acc
Photo Credit: Khin Thazin ' s Facebook Acc

ချစ်စရာအပြုံးပိုင်ရှင်လေးဖြစ်တဲ့ ခင်သဇင်ကတော့ ယခုမှာအနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေပြီး ကြော်ငြာတွေကိုလည်း ရိုက်ကူးလျက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။ ယခုမှာတော့ ခင်သဇင်တစ်ယောက်ဟာ ခင်မင်ရတဲ့အနုပညာရှင်မောင်နှမတွေနဲ့ အလုပ်တွေအတူတူပြန်လုပ်ခွင့်လို့ အတိုင်းမသိဝမ်းသာပျော်ရွှင်နေခဲ့ပါတယ်။ အိချောပို၊ ဆောင်းယွန်းစံ၊အုပ်စိုးခန့်တို့နဲ့အတူ ပျော်ရွှင်နေတဲ့ သူမရဲ့ ချစ်စရာပုံရိပ်လေးတွေဟာ မြင်ရသူပရိသတ်တွေကို အချစ်တွေပိုစေခဲ့တာပဲဖြစ်ပါတယ်။

Photo Credit: Khin Thazin ' s Facebook Acc
Photo Credit: Khin Thazin ' s Facebook Acc
Photo Credit: Khin Thazin ' s Facebook Acc
Photo Credit: Khin Thazin ' s Facebook Acc
Photo Credit: Khin Thazin ' s Facebook Acc
Photo Credit: Khin Thazin ' s Facebook Acc

သူမကတော့ " မောင်နှမတွေ အလုပ်အတူတူ လုပ်ရတော့ ပျော်တာပေါ့ မကြာခင် အသိပေးမယ် .... မျှော်နော် "ဆိုပြီး ပျော်ရွှင်နေကြတဲ့ ချစ်စရာပုံရိပ်လေးတွေနဲ့အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေးခင်သဇင်ရဲ့ အနုပညာရှင်မောင်နှမတွေနဲ့အလုပ်တွေအတူတူပြန်လုပ်ရပြီဖြစ်လို့ပြုံးပျော်ရွှင်နေတဲ့ ချစ်စရာပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။

Source: Khin Thazin ' s Facebook Acc

Photo Credit: Khin Thazin ' s Facebook Acc
Photo Credit: Khin Thazin ' s Facebook Acc
Photo Credit: Khin Thazin ' s Facebook Acc
Photo Credit: Khin Thazin ' s Facebook Acc
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T