သူမကိုတုန်နေအောင် ချစ်ပေးတဲ့ခင်ပွန်းက အဝေးရောက်နေတာတောင် အမြဲအားပေးပြီး ချီးကျူးလို့ ဝမ်းသာကြည်နူးနေရတဲ့အိမ့်ချစ်

//s9.kh1.co/f6/f6fdd8aa54552ecdbb0df3457408a874ee84fca1.jpg
အနုပညာရှင်များ

 ၃၀-ဇန်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

သူမကိုတုန်နေအောင် ချစ်ပေးတဲ့ခင်ပွန်းက အဝေးရောက်နေတာတောင် အမြဲအားပေးပြီး ချီးကျူးလို့ ဝမ်းသာကြည်နူးနေရတဲ့အိမ့်ချစ်

အဆိုတော် အိမ့်ချစ်ကတော့ တေးသံရှင်ချစ်ကောင်းရဲ့သမီးလေးဖြစ်တယ်ဆိုတာ အားလုံးကလည်း သိပြီးသားဖြစ်ကြမယ် ထင်ပါတယ်နော်။ အိမ့်ချစ်က အသံပါဝါအားကောင်းပြီး တကယ်တော်တဲ့သူလေးဖြစ်တာကြောင့် အောင်မြင်မှုများစွာကို ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ် ။ ဖခင်ဖြစ်သူရဲ့ခြေရာကို အမှီလိုက်နိုင်ခဲ့တဲ့ အိမ့်ချစ်က အခုဆိုရင် ထိပ်ဆုံးနေရာကနေ ရပ်တည်နေတာဖြစ်ပြီး ဂီတလမ်းကြောင်းပေါ်မှာ ဆက်လက်လျှောက်လှမ်းနေတာပဲ ဖြစ်ပါတယ် ။

Photo Credit-Eint Chit's FB Page 
Photo Credit-Eint Chit's FB Page 
Photo Credit-Eint Chit's FB Acc
Photo Credit-Eint Chit's FB Acc

အိမ်ထောင်ကျသွားပြီဖြစ်တဲ့ အိမ့်ချစ်က သူမအရမ်းချစ်ရတဲ့ ချစ်သူနဲ့အတူ နှစ်ကိုယ်တူဘဝလေးတစ်ခုကို ပိုင်ဆိုင်ခဲ့ရတာပဲ ဖြစ်ပါတယ် ။ အိမ့်ချစ်ရဲ့ခင်ပွန်းကလည်း နွေးထွေးကြင်နာတတ်တဲ့အပြင် သူမအပေါ်မှာ လည်း အရမ်းဂရုစိုက်တတ်တာကြောင့် ပရိသတ်တွေကပါ သူတို့နှစ်ယောက်ကိုကြည့်ပြီး အားကျနေရတာ ဖြစ်ပါတယ် ။ အခုလည်း အိမ့်ချစ်က သူမရဲ့အနောက်ကနေ အမြဲစိတ်ခွန်အားတွေပေးပြီး ပျော်အောင်ထားတတ်တဲ့ ချစ်ခင်ပွန်းရဲ့ဂရုစိုက်မှုလေးတစ်ခုကြောင့် ပီတိဖြာခဲ့ရတာပဲ ဖြစ်ပါတယ် ။

Photo Credit-Eint Chit Vocalist's IG Acc

ပြီးခဲ့တဲ့နေ့ကကျင်းပပြုလုပ်တဲ့ မြန်မာ့အသံနဲ့ရုပ်မြင်သံကြား (၇၅)နှစ်ပြည့်ပွဲမှာ အိမ့်ချစ်က သီချင်းဆိုခဲ့ရတာဖြစ်ပါတယ်။ အိမ့်ချစ်ရဲ့ဖျော်ဖြေမှုကိုတော့ ခင်ပွန်းဖြစ်သူကလည်း အဝေးကနေ စောင့်ကြည့်အားပေးခဲ့တာဖြစ်ပြီး သူမကိုအရမ်းတော်ကြောင်း ချီးကျူးစကားဆိုခဲ့တာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ခင်ပွန်းရဲ့စကားလေးတွေကြောင့် ဝမ်းသာကြည်နူးခဲ့ရပုံကို ပြသထားတဲ့ အိမ့်ချစ်ရဲ့စာလေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Eint Chit's FB Story

Photo Credit-Eint Chit's FB Acc
Photo Credit-Eint Chit's FB Acc
Photo Credit-Eint Chit's FB Story
Photo Credit-Eint Chit's FB Story
Photo Credit-Eint Chit Vocalist's IG Acc
Photo Credit-Eint Chit Vocalist's IG Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T