ကိုကိုနှစ်ယောက်နဲ့အတူရေဆော့နေရင်း ဓာတ်ပုံရိုက်နေမှန်းသိလို့ ပြူးပြူလေးကြည့်နေတဲ့ Rဇာနည်ရဲ့သမီးလေး မစ်မစ်တုန်

//s9.kh1.co/ad/ad6f802869d91a5c95bedb6b1e89be9cd26033b5.jpg
အနုပညာရှင်များ

 ၃၀-ဇန်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ......အသံပါဝါအားကောင်းကောင်းနဲ့ ပရိသတ်တွေရင်ထဲရောက်အောင်သီဆိုနိုင်တဲ့ အဆိုတော်Rဇာနည်ကိုသိကြမယ်ထင်ပါတယ်နော်။ Rဇာနည်ဟာ အခုဆိုရင်လည်း သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်တစ်ခုကို ၀မ်းနဲ့အတူတည်ထောင်ထားတာဖြစ်ပြီး ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်အပြင် သမီးလေးတစ်ယောက်ပါ ထပ်မံရရှိနေပြီဖြစ်ပါတယ်.....။

Photo credit-​ Phit Phit Chit Chit Mhit Mhit's Facebook page

သမီးလေးနာမည်ကိုလည်း Rဇာနည်တို့မိသားစုဟာ မေဘုန်းဇာနည်(ခ) မစ်မစ်တုန်လို့နာမည်ပေးထားတာဖြစ်ပြီး တစ်အိမ်လုံးရဲ့အသည်းကျော်လေးဖြစ်ပါတယ်နော်။ Rဇာနည်ဟာကြည်နူးချမ်းမြေ့စရာမိသားစုဘ၀လေးကို တည်ထောင်ထားနိုင်ဝာာကြောင့် ပရိသတ်တွေအားကျချစ်ခင်နေရတဲ့ အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ အခုဆိုရင်လည်း မစ်မစ်တုန်လေးဟာ တဖြည်းဖြည်းအရွယ်ရောက်လာပြီဖြစ်ပြီးတော့ အစ်ကိုဖြစ်သူတွေနဲ့အတူဆော့တတ်နေပြီလည်း ဖြစ်ပါတယ်နော်။

Photo credit-​ Phit Phit Chit Chit Mhit Mhit's Facebook page
Photo credit-​ Phit Phit Chit Chit Mhit Mhit's Facebook page
Photo credit-​ Phit Phit Chit Chit Mhit Mhit's Facebook page
Photo credit-​ Phit Phit Chit Chit Mhit Mhit's Facebook page

အခုဆိုရင်လည်း မစ်မစ်တုန်လေးဟာ အစ်ကိုနှစ်ယောက်နဲ့အတူ လေထိုးရေကူးကန်လေးထဲမှာပျော်ပျော်ရွှင်ရွှင်နဲ့ရေဆော့နေတာပါနော်။ ရေဆော့နေကြတဲ့ မောင်နှမသုံးယောက်ရဲ့ပုံလေးတွေကို မကြာသေးမီက Rဇာနည်ဟာ Facebookစာမျက်နှာလေးမှာ တင်ပေးလာခဲ့ပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-​ Phit Phit Chit Chit Mhit Mhit's Facebook page
Photo credit-​ Phit Phit Chit Chit Mhit Mhit's Facebook page
Photo credit-​ Phit Phit Chit Chit Mhit Mhit's Facebook page
Photo credit-​ Phit Phit Chit Chit Mhit Mhit's Facebook page

သတင်း အရင်းအမြစ်Phit Phit Chit Chit Mhit Mhit's Facebook page

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T