နိုင်ငံအလယ်မှာ မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့တဲ့ အောင်လအန်ဆန် ကတော့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ ကစားသမားတစ်ယောက်ပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အောင်လအန်ဆန် ဟာ သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားပြီး ဘဝကိုအေးချမ်းစွာ ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ဒါ့အပြင် မိသားစုကိုလည်း အပြည့်အဝအချိန်ပေးသလို သူ့ရဲ့ လေ့ကျင်ခန်းတွေကိုလည်း အဆက်မပြတ်ပြုလုပ်လျက်ရှိတာကိုလည်း တွေ့ရပါတယ်။


အောင်လအန်ဆန် ရဲ့ ချစ်စရာကောင်းတဲ့ သားလေးအောင်ဒီးနဲ့ သမီးလေး အန့်ဆိုင်းနှစ်တို့ကလည်း ဖေဖေမေမေတို့အပြင် အောင်လအန်ဆန်ကို အားပေးကြတဲ့ ပရိသတ်တွေကလည်း ချစ်နေရတာဖြစ်ပါတယ်။ မကြာခဏဆိုရင်လည်း မိသားစုရဲ့ ချစ်စရာကောင်းတဲ့ လှုပ်ရှားမှုလေးတွေကိုလည်း ပရိသတ်တွေကို ဖော်ပြပေးတွေ့ရပါတယ်။ ယနေ့မှာတော့ သမီးလေး အန့်ဆိုင်းရဲ့ မွေးနေ့လေးကိုကျရောက်ခဲ့တာ ဖြစ်ပါတယ်။


သမီးလေးရဲ့ မွေးနေ့လေးအတွက် အမှတ်တရလေးတွေနဲ့ ပျော်ရွှင်စရာကောင်းအောင် ကျင်းပပေးခဲ့တာကိုလည်း အောင်လအန်ဆန်က သူ့ရဲ့ လူမှုကွန်ယက်မှာဖော်ပြလာခဲ့ပါတယ်။ မွေးနေ့ပွဲလေး ကျင်းပနေတဲ့အထဲမှာတော့ အစ်ကိုဖြစ်သူ အောင်ဒီးက သူ့ရဲ့ ညီမလေးကို ရင်ခွင်ထဲမှာ ဖက်ထားပြီး အခြားမောင်နှမတွေနဲ့အတူ ပျော်ရွှင်စွာကျင်းပခဲ့တာ တွေ့ရပါတယ်။ ပရိသတ်တွေကလည်း အောင်လအန်ဆန် ရဲ့ သမီးလေး အန့်ဆိုင်းကို မွေးနေ့ဆုမွန်ကောင်းလေး တောင်းပေးလိုက်ပါဦး။
သတင်းအရင်းမြစ်: Video Credit & Source- aung la nsang(burmese python) ' s facebook page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။