စျေးဆိုင်တွေပြန်ဖွင့်ပြီမို့ရောင်းအားကျမယ်ထင်ခဲ့ပေမယ့် ဝက်နံရိုးမီးတောက်ကို အရင်အတိုင်းအားပေးကြတာကြောင့် ပျော်ရွှင်နေတဲ့ ပွင့်နဒီမောင်

//s9.kh1.co/f0/f0db07d83db4a78b23ccb036b857be0d7265ca3f.jpg
အနုပညာရှင်များ

 ၃၀-ဇန်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

စျေးဆိုင်တွေပြန်ဖွင့်ပြီမို့ရောင်းအားကျမယ်ထင်ခဲ့ပေမယ့် ဝက်နံရိုးမီးတောက်ကို အရင်အတိုင်းအားပေးကြတာကြောင့် ပျော်ရွှင်နေတဲ့ ပွင့်နဒီမောင်

မင်းသမီးပွင့်နဒီမောင်ကတော့ တစ်ချိန်ကအောင်မြင်ခဲ့တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားတိုင်းကို အကောင်းဆုံးရိုက်ကူးလျက်ရှိနေကာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း အပြည့်အဝရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ လွတ်လွတ်လပ်လပ်နေထိုင်တတ်တဲ့ သူမတော့ ယခုမှာလည်း အနုပညာအလုပ်တွေကို လုပ်ကိုင်တာပဲဖြစ်ပြီး ထူးခြားနဲ့ပွင့်နဒီမောင်တို့ကတော့ မောင်နှမရင်းခြာလိုခင်မင်ကြတဲ့သူငယ်ချင်းအရင်းကြီးတွေပဲဖြစ်ကြပါတယ်။

Photo Credit: Pwint Nadi Maung ' s Facebook Acc

သူမကတော့ ဟင်းချက်ရတာနဲ့တင် ပျော်ရွှင်နေပြီး သူငယ်ချင်းထူးခြားနဲ့အတူစျေးရောင်းခဲ့တာ ၁နှစ်ပြည့်တော့မယ့်အကြောင်းပြောပြလာခဲ့ပါတယ်။ ပွင့်နဒီမောင်ကတော့ " ကျမက ဟင်းချက်လည်းပျော်နေတာပဲအိုးကြီး အိုးငယ်နဲ့ ဟင်းချက်ရမယ်လို အိမ်မက်ထဲမှာတောင်မမက်ဘူး.....လုပ်ငန်းတစ်ခုဆိုတာ စဖို့အရမ်းလွယ်ပါတယ်နာမည်တစ်ခု ရဖို့ ရေရှည်ရပ်တည်ဖို့ဆိုတာ တကယ်မလွယ်တဲ့အရာဆိုတာသေချာပါတယ် "ဆိုပြီး လူမှုကွန်ယက်ထက်မှာ ရေးသားထားခဲ့ပါတယ်။

Photo Credit: Pwint Nadi Maung ' s Facebook Acc
Photo Credit: Pwint Nadi Maung ' s Facebook Acc
Photo Credit: Pwint Nadi Maung ' s Facebook Acc
Photo Credit: Pwint Nadi Maung ' s Facebook Acc
Photo Credit: Pwint Nadi Maung ' s Facebook Acc
Photo Credit: Pwint Nadi Maung ' s Facebook Acc

သူမကတော့ " ဘာလိုလိုနဲ့ ကျမတို့စျေးရောင်းခဲ့တာ တစ်နှစ်ပြည့်ဖို့ရက်ပိုင်းပဲလိုတော့တယ်ဆိုင်တွေဖွင့်တော့ ရောင်းအားကျမယ်ထင်ခဲ့တာ.....ဒီအချိန်ထိ အားပေးခဲ့တဲ့ အတွက် ကျေးဇူးပါကွာ "ဆိုပြီးလူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ရောင်းချဖို့ဟင်းတွေကိုယ်တိုင်ချက်ရင်း ပျော်ရွှင်နေကြတဲ့ ထူးခြားနဲ့ ပွင့်နဒီမောင်တို့သူငယ်ချင်း၂ယောက်ရဲ့ ပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိင်ပါတယ်။

Source: Pwint Nadi Maung ' s Facebook Acc

Photo Credit: Pwint Nadi Maung ' s Facebook Acc
Photo Credit: Pwint Nadi Maung ' s Facebook Acc
Photo Credit: Pwint Nadi Maung ' s Facebook Acc
Photo Credit: Pwint Nadi Maung ' s Facebook Acc
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T