အဆိုတော်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ချစ်သုဝေကတော့ အနုပညာနယ်ပယ်မှာ အောင်မြင်မှုတွေနဲ့ လျှောက်လှမ်းလာတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ချစ်သုဝေက အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန် လုပ်ကိုင်နေသလို သမီးလေးနှစ်ယောက်ရဲ့ နာမည်နဲ့ ဖောင်ဒေးရှင်းတည်ထောင်ထားပြီး လူမှုရေးအကျိုးပြု ပရဟိတအလုပ်တွေကို လက်ရှိအချိန်မှာ စိတ်ရောကိုယ်ပါ လုပ်ကိုင်နေတာ တွေ့ရပါတယ်။
ချစ်သုဝေက ကလေးအမေဖြစ်ပေမဲ့လည်း ဆယ်ကျော်သက်လေးတစ်ယောက်လို နုပျိုနေပြီး ချောမောနေတာ ဖြစ်ပါတယ်။ မကြာခဏဆိုရင်လည်း သူမက အနုပညာလှုပ်ရှားမှုတွေနဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေကို ချစ်တဲ့ သူတွေကို ဖော်ပြပေးတာ တွေ့ရပါတယ်။ ယခုမှာလည်း ချစ်သုဝေက ပရိသတ်တွေသဘောကျစေမယ့် အလန်းစားပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။
ဒီပုံလေးတွေထဲမှာတော့ ချစ်သုဝေက ဘိုဆန်တဲ့ အလှတရားတွေနဲ့ ဆွဲဆောင်မှုရှိပြီး အထာကျကျ ပို့စ်ပေးဖမ်းစားထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် သူမဝတ်ဆင်ထားတဲ့ ဖက်ရှင်လေးကလည်း ပင်ကိုယ်အလှတရားတွေနဲ့ လိုက်ဖက်နေတာတွေ့ရပါတယ်။ကဲ... ပရိသတ်ကြီးလည်း ချစ်သုဝေရဲ့ အလန်းစားလုံလေးတွေကို သဘောကျမယ်လို့မျှော်လင့်မိပါတယ်။
သတင်း အရင်းအမြစ်៖ Source - Chit Thu Wai fb page