ပျော်ရွှင်ခြင်း စိတ်ချမ်းသာခြင်း အစစ်အမှန်ကဘာလည်းဆိုတာကို သိရှိသွားလို့ Todo list ထဲမှာထည့်ထားလိုက်ပြီဆိုတဲ့ သန္တာလိှုင်

//s9.kh1.co/db/db4d268131776775968d16e8c47b6da72533f115.jpg
အနုပညာရှင်များ

 ၂၉-ဇန်-၂၀၂၁ ၉pm · လွန်ခဲ့သော ၃ နှစ် က

.

ချစ်ပရိသတ်ကြီးရေ.........မော်ဒယ် သန္တာလိှုင်ကတော့ အခုအချိန်ထိ ကျစ်လျစ်သွယ်လျတဲ့ ခန္တာကိုယ် အချိုးအစားကို ပိုင်ဆိုင်ထားဆဲ ပဲဖြစ်ပါတယ်။သူမကတော့ အမြဲကျန်းမာပြီး သွက်လက်နေအောင် လေ့ကျင့်ခန်းတွေကို နေ့တိုင်းလုပ်ဆောင်ပြီး ကျန်းမာရေးနဲ့ ညီညွှတ်အောင် မျှတတဲ့ အစားအသောက်တွေကို ဂရုစိုက်ပြီး နေထိုင်စားသောက် တာပဲ ဖြစ်ပါတယ်။သန္တာလိှုင်ကတော့ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပြီး ချစ်ခင်ပွန်းကလည်း မိန်းမကို ကြင်နာ ယုယပေးတဲ့ ခင်ပွန်းကောင်း တစ်ယောက် ဖြစ်ပါတယ်နော်......။

Photo Credit -Thandar Hlaing FB Account
Photo Credit -Thandar Hlaing FB Account
Photo Credit -Thandar Hlaing FB Account
Photo Credit -Thandar Hlaing FB Account

သူမဟာ မိခင်တစ်ယောက် ဖြစ်ပေမယ့်လည်း နုပျိုလန်းဆန်းနေပြီး အလုပ်တွေကိုလည်း တတ်တတ်ကြွကြွနဲ့ လုပ်ဆောင်နေတုန်း ဖြစ်ပါတယ်။ကိုယ်ပိုင် စီးပွားရေးကိုလည်း လုပ်ကိုင်နေတဲ့ သန္တာလိှုင်ရဲ့ကလေးနှစ်ယောက်ကတော့ နိုင်ငံရပ်ခြားမှာ ပညာ သင်ကြားနေကြတာ ဖြစ်ပြီး သူတို့လေးတွေရဲ့ အားလပ်ရက် လေးတွေမှာတော့ မေမေ့ဆီ ပြန်လာလည်ပြီး မိသားစုတွေ ပျော်ပျော်ပါးပါး ခရီးထွက်ကြတာလည်း ဖြစ်ပါတယ်။သူမရဲ့လှုပ်ရှားမှု ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေ အတွက် အမြဲတင်ပေးလေ့ရှိတာ ဖြစ်ပါတယ်။

Photo Credit -Thandar Hlaing FB Account
Photo Credit -Thandar Hlaing FB Account
Photo Credit -Thandar Hlaing FB Account
Photo Credit -Thandar Hlaing FB Account

လတ်တလောမှာတော့ သူမရဲ့ လူမူကွန်ယက် စာမျက်နှာထက်တွင် "ငယ်တုန်းကတော့ ပျော်ရွင်မှူကို ရှာဖွေရင်းနဲ့ပဲ အချိန်တွေကုန်ခဲ့တယ်။ပျော်ရွှင်ခြင်း စိတ်ချမ်းသာခြင်း ဆိုတာ ဘာလဲလို့သိသွားတဲ့ အချိန်ကနေစပြီး ပျော်ရွှင်ခြင်းတွေကို ထိခိုက်စေမယ့် အလုပ်တွေ၊ အစားအသောက်တွေ၊ အကျင့်တွေနဲ့ လူတွေကို အမြဲရှောင်ကျဉ်ပြီး ပျော်ရွှင်ကြည်လင်နေတဲ့ မိမိရဲ့ စိတ်လေးကို ပိုပြီးအသုံးကျအောင် ထိန်းထားတဲ့ နေ့စဉ်အလေ့အကျင့်တွေ၊ လူတွေ၊ အလုပ်တွေ အစားအသောက်တွေကို todo list ထဲမှာသေချာဉီးစားပေးပြီး ထည့်ဖြစ်ပါတယ်ရှင်..."ဆိုပြီး အရမ်းကောင်းတဲ့ စာသားလေးနဲ့ အတူ အေးချမ်းတဲ့ ပုံရိပ်လေးတွေကို တင်ပေးလာတာကြောင့် ပရိသတ်တွေ အတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်။

Photo Credit -Thandar Hlaing FB Account
Photo Credit -Thandar Hlaing FB Account
Photo Credit -Thandar Hlaing FB Account
Photo Credit -Thandar Hlaing FB Account

သတင်း အရင်းအမြစ်Thandar Hlaing FB Account

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T