ခန့်ညားချောမောတဲ့ သူရဲ့ ပုံလေးတွေကို တင်ပေးလာရင်း ပရိသတ်တွေသိချင်နေတဲ့ အသက်ကိုပြောပြလာတဲ့ စည်သူဝင်း

//s9.kh1.co/13/139d98fb4d49cd5faa1170b1ef514049fedd7e82.jpg
အနုပညာရှင်များ

 ၂၉-ဇန်-၂၀၂၁ ၉pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင် မင်းသားချောလေး စည်သူဝင်းကတော့ မိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ် အချစ်တော်တစ်ယောက်ပဲ ဖြစ်ပါတယ်။ MRTV-4ရဲ့ ဒိတ်ဒိတ်ကြဲ မင်းသားတစ်လက်ဖြစ်လို့ ဇာတ်လမ်းတွဲများစွာမှာလည်း ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ပီပြင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် ပရိသတ်အားပေးချစ်ခင်မှုကိုလည်း တစ်ခဲနက်ရရှိထားတာဖြစ်ပါတယ်။

Photo credit - Si Thu Win's Facebook Account

အနုပညာလှုပ်ရှားမှု အသစ်အသစ်တွေကို ကြိုးစားလုပ်ကိုင်နေတဲ့ စည်သူဝင်းတစ်ယောက် လက်ရှိမှာလည်း ရိုက်ကူးရေးတွေ ဆက်တိုက်ဆိုသလို ရှိနေခဲ့တာပါ။ စည်သူဝင်းက ယခုလက်ရှိ ဆိုရှယ်မီဒီယာထက်မှာ ရေပန်းစားလူကြိုက်များနေတဲ့ Double Dating အစီအစဥ်လေးမှာလည်း ပါဝင်ရိုက်ကူးနေတာဖြစ်လို့ ပရိသတ်အချစ်ကို များစွာရရှိထားတာဖြစ်ပါတယ်။ စည်သူဝင်းကလည်း အစီအစဥ်လေးနဲ့ ပတ်သတ်တဲ့ အကြောင်းအရာလေးတွေကို လူမှုကွန်ယက်ထက်မှာ ဝေမျှလေ့ရှိတာပါနော်။

Photo credit - Si Thu Win's Facebook Account
Photo credit - Si Thu Win's Facebook Account
Photo credit - Si Thu Win's Facebook Account
Photo credit - Si Thu Win's Facebook Account
Photo credit - Si Thu Win's Facebook Account
Photo credit - Si Thu Win's Facebook Account

ယနေ့မှာတော့ စည်သူဝင်းတစ်ယောက် သူရဲ့ အမိုက်စားပုံလေးတွေကိုတင်ပေးလာခဲ့ပါတယ်။ ပုံလေးတွေအပြင် ပရိသတ်တွေသိချင်နေတဲ့ အသက်လေးကိုလည်း ပြောလာခဲ့တာပါ။ ဒါကတော့ " မကြာခင် အသက်၂၆ ပြည့်မဲ့ကောင်လေး " ဆိုပြီး ရေးသားလာတာဖြစ်လို့ ချစ်ရတဲ့ ပရိသတ်တွေ သိရှိစေဖို့အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။ ရှိရင်းစွဲ အသက်အရွယ်နဲ့မလိုက်အောင် နုပျိုနေတဲ့ စည်သူဝင်းရဲ့ ပုံလေးတွေကိုကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်။ 

Photo credit - Si Thu Win's Facebook Account
Photo credit - Si Thu Win's Facebook Account
Photo credit - Si Thu Win's Facebook Account
Photo credit - Si Thu Win's Facebook Account

သတင်း အရင်းအမြစ်Source - Si Thu Win's Facebook Account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T