ဖေဖေနဲ့ချွတ်စွပ်တူတဲ့ရုပ်ရည်‌လေးကို ပိုင်ဆိုင်ထားပြီး တစ်နေ့တခြားလှသွေးကြွယ်လာကာ အရမ်းချစ်ဖို့ကောင်းနေတဲ့ ပိုင်ဇေရဲထွန်းရဲ့သမီးကြီးလေး

//s9.kh1.co/d3/d3579fb8b9ade5372a962a4da020da555c631303.jpg
အနုပညာရှင်များ

 ၂၉-ဇန်-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

ဖေဖေနဲ့ချွတ်စွပ်တူတဲ့ရုပ်ရည်‌လေးကို ပိုင်ဆိုင်ထားပြီး တစ်နေ့တခြားလှသွေးကြွယ်လာကာ အရမ်းချစ်ဖို့ကောင်းနေတဲ့ ပိုင်ဇေရဲထွန်းရဲ့သမီးကြီးလေး

သရုပ်ဆောင်ပိုင်ဇေရဲထွန်းကတော့ သာယာလှပတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားပြီး ကလေးသုံးယောက်ရဲ့ဖခင်တစ်ယောက်ဖြစ်ပါတယ်နော်။ပိုင်ဇေရဲထွန်းရဲ့ဇနီးချောလေးဇင်သဲနိုင်ကလည်း အိမ်ရှင်မကောင်းတစ်ယောက်ပီသစွာနဲ့ မိသားစုအပေါ်ဂရုစိုက်ပေးတာဖြစ်ပါတယ်။လက်ရှိမှာဆိုရင်တော့ ပိုင်ဇေရဲထွန်းက အနုပညာအလုပ်တွေနဲ့အလှမ်းဝေးကွာနေပြီး ချစ်ရတဲ့မိသားစုလေးကို အချိန်အပြည့်ပေးနေတာဖြစ်ပါတယ်။ပရိသတ်တွေကလည်း ပိုင်ဇေရဲထွန်းတို့မိသားစုလေးကိုချစ်ကြလို့ အမြဲစောင့်ကြည့်ပြီး အားပေးနေကြတာပါနော်။

Photo Credit:Zin Thae Naing's Facebook Account

လက်ရှိမှာဆိုရင်တော့ ဇင်သဲနိုင်က ကိတ်မုန့်ဖုတ်တဲ့ပညာရပ်ကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ထားလို့ ကိတ်မုန့်နဲ့ပေါင်မုန့်တွေကို ကိုယ်တိုင်ပြုလုပ်ပြီး ရောင်းချနေတာဖြစ်ပါတယ်။ပိုင်ဇေရဲထွန်းကလည်း မိန်းမရဲ့အလုပ်တွေကို တတ်နိုင်သလောက်ကူညီပေးလို့ အရမ်းအတွဲညီတဲ့ဇနီးမောင်နှံလေးဖြစ်ပါတယ်နော်။ပိုင်ဇေရဲထွန်းနဲ့ဇင်သဲနိုင်တို့ရဲ့ သားသမီးသုံးယောက်ကတော့ ချစ်မွေးအပြည့်ပါပြီး လိမ္မာရေးခြားရှိစွာကြီးပြင်းလာကြတာဖြစ်ပါတယ်။

Photo Credit:Zin Thae Naing's Facebook Account
Photo Credit:Zin Thae Naing's Facebook Account
Photo Credit:Zin Thae Naing's Facebook Account
Photo Credit:Zin Thae Naing's Facebook Account

ဇင်သဲနိုင်တို့ဇနီးမောင်နှံကလည်း ကလေးတွေကို သေချာဂရုစိုက်စောင့်ရှောက်ပေးတာဖြစ်လို့ သားသမီးတွေကတော့ လှလှပပ၊ကျန်းကျန်းမာမာနဲ့ကြီးပြင်းလာကြတာဖြစ်ပါတယ်။ဇင်သဲနိုင်ရဲ့သမီးကြီးလေးဆိုရင် ဆယ်ကျော်သက်အရွယ်လေးရောက်လာတာကြောင့် ပိုပိုပြီးလှသွေးကြွယ်လာကာ မေမေ့လိုပဲအရမ်းချောလာပါတယ်။ဇင်သဲနိုင်ရဲ့သမီးကြီးလေးက ဆံပင်ရှည်ရှည်လေးနဲ့ ချစ်စရာမျက်နှာလေးကို ပိုင်ဆိုင်ထားလို့ "မျက်နှာမြင်ချစ်ခင်ပါစေ"ဆိုတဲ့ ဆုနဲ့ပြည့်စုံပါတယ်နော်။ 

Photo Credit:Zin Thae Naing's Facebook Account
Photo Credit:Zin Thae Naing's Facebook Account
Photo Credit:Zin Thae Naing's Facebook Account
Photo Credit:Zin Thae Naing's Facebook Account
Photo Credit:Zin Thae Naing's Facebook Account
Photo Credit:Zin Thae Naing's Facebook Account

Source&Photo Credit:Zin Thae Naing's Facebook Account

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T