မုဆိုးမဖြစ်ပေမယ့်လည်း တစ်ယောက်တည်းရုန်းကန်ရင်း သူမကိုပြုစုစောင့်ရှောက်ခဲ့တဲ့ မိခင်ဖြစ်သူအကြောင်းပြောပြလာတဲ့ ခေးဆက်သွင်

//s9.kh1.co/38/384473a34e7c738a3984089cd57623119e6dcae9.jpg
အနုပညာရှင်များ

 ၂၉-ဇန်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

..

သရုပ်ဆောင်ကောင်းတဲ့အပြင် ချစ်စရာကောင်းလွန်းတာတွေကြောင့်လည်း ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးချစ်ခင်မှု တွေကို အခိုင်အမာရရှိထားတဲ့ ပြညသူ့အချစ်တော်သရုပ်ဆောင်မင်းသမီးချောလေး ခေးဆက်သွင်ပဲ ဖြစ်ပါတယ်နော်..။

ခေးလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သူမကတော့ အရှိအတိုင်းနေထိုင်တတ်ပြီး ပွင့်လင်းတဲ့ပုံရိပ်လေးတွေကြောင့်လည်း မြင်သူတိုင်းက အချစ်ပိုနေကြတာဖြစ်ပြီး ဇာတ်ကားနဲ့ ကြော်ငြာတွေအပြင် Tik Tok ဗီဒီယိုလေးတွေမှာလည်း မကြာခဏတွေ့မြင်ရပါတယ်နော်..။

Photo Credit - Khay Sett Thwin's Fb Acc
Photo Credit - Khay Sett Thwin's Fb Acc
Photo Credit - Khay Sett Thwin's Fb Acc
Photo Credit - Khay Sett Thwin's Fb Acc

အခုတစ်ခါမှာလည်း ခေးလေးတစ်ယောက် ဖခင်ဖြစ်သူကွယ်လွန်သွားပြီးတဲ့နောက်ပိုင်း တစ်ယောက်တည်းရုန်းကတ်ကာ သူမကိုပြုစုစောင့်ရှောက်ခဲ့ပြီး ကောင်းမွန်တဲ့စိတ်ထားလေးကိုတွေကို အမွေပေးခဲ့တဲ့ မိခင်နဲ့ပတ်သက်ပြီး ပြောပြလာပါတယ်နော်..။

ဘယ်တော့မှ အရှုံးမပေးဘဲ သူမအပေါ် အစစအရာရာဂရုစိုက်တတ်ပြီးအကောင်းဆုံးနေထိုင်တတ်ဖို့ လမ်းပြပေးကာ ရိုးသားပွင့်လင်းတဲ့ မိခင်ဖြစ်သူရဲ့အကြောင်းလေးကို ပြောပြကာ ကျေးဇူးတင်စကားလေးဆိုထားတာပဲ ဖြစ်ပါတယ်နော်..။

"သူဟာ ကိုယ့်အတွက်အရာရာ

Photo Credit - Khay Sett Thwin's Fb Acc
Photo Credit - Khay Sett Thwin's Fb Acc
Photo Credit - Khay Sett Thwin's Fb Acc
Photo Credit - Khay Sett Thwin's Fb Acc

မုဆိုးမဖြစ်ပေမယ့် ဘယ်တော့မှ မရှုံးမပေးခဲ့သူ

အရာအားလုံးထက် ကိုယ့်အပေါ်ယုံကြည်ခဲ့သူ

ခေါင်းအစခြေအဆုံး ဂရုစိုက်ချင်သူ

ပွင့်လင်းရိုးသားပြီး ကူညီချင်တဲ့စိတ်ကို

အမွေပေးခဲ့သူ

တစ်ခါတစ်လေ ကလေးလို

စိတ်ကောက်တဲ့သူ ?

အလုပ်ချိန်မှာကြိုးစား

ကျန်တဲ့ချိန်မှာ ပျော်ရွှင်လွတ်လပ်စွာ

နေထိုင်ဖို့ လမ်းပြပေးခဲ့သူ

အရာရာပါ အမေ????.." ဆိုပြီး မိခင်ဖြစ်သူနဲ့ပတ်သက်ပြီး ပြောပြထားတာပါ..။

ပရိသတ်တွေကလည်း မေမေ့ကို လိုက်နောက်ပြီး ဗီဒီယိုလေးရိုက်ထားတဲ့ ခေးလေးကို အချစ်ပိုနေကြသလို သဘောရိုးတဲ့ ခေးရဲ့မေမေကိုလည်း သဘောကျချစ်ခင်နေကြတာ တွေ့ရပါတယ်နော်..။

Photo Credit - Khay Sett Thwin's Fb Acc
Photo Credit - Khay Sett Thwin's Fb Acc
Photo Credit - Khay Sett Thwin's Fb Acc
Photo Credit - Khay Sett Thwin's Fb Acc

သတင်း အရင်းအမြစ်Khay Sett Thwin's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T