အိမ်အကြီးကြီး နဲ့ နေချင်သော်လည်း မတက်နိုင်လို့ တိုက်ခန်းကျဉ်းကျဉ်းလေးထဲမှာ ကိုယ့်စိတ်ကြိုက် ပုံဖော်နေနေရတယ်လို့ အခက်ခဲတွေ ပြောပြလိုက်တဲ့ ဥက္ကာမင်းမောင်

//s9.kh1.co/d4/d4ea7c2cbfe24a70aad4103775888e42b7e02b7c.jpg
အနုပညာရှင်များ

 ၂၉-ဇန်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီတစ်ခေါက်မှာတော့ မော်ဒယ်လ်လောက တစ်ခုလုံးကို ဂယက်ထအောင် လုပ်သွားတဲ့ ပရိသတ် အချစ်တော် ဥက္ကာမင်းမောင်ပဲဖြစ်ပါတယ်။ ဥက္ကာမင်းမောင် ဟာမော်ဒယ်လ်လောကမှာ ပြည်တွင်းက ပွဲတွေမှာ ဆုတံဆိပ်ပေါင်း များစွာကို ရရှိခဲ့ပြီး ပြည်ပ ထိတိုင်အောင် နိုင်ငံ ကိုယ်စားပြု အနေနဲ့ သွားရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ကာ ဆုတံဆိပ်ပေါင်း များစွာကို ရရှိခဲ့ပြီး နိုင်ငံ ဂုဏ်ဆောင် တစ်ဦးဖြစ်ခဲ့တာ ပဲဖြစ်ပါတယ်။ ကျစ်လစ်တောင့် တင်းတဲ့ အမိုက်စား ခန္ဓာကိုယ်နဲ့ ရုပ်ရည် ချောမော ပြေပစ်ကာ စတိုင် စမက်ကျနေတာ ကြောင့် ပရိသတ်တွေ အားပေးထောက်ခံမှုကိုရရှိခဲ့တာ ဆိုရင်လည်း မမှားပါဘူး။

Photo Crd - Okkar Min Maung Facebook Page
Photo Crd - Okkar Min Maung Facebook Page
Photo Crd - Okkar Min Maung Facebook Page
Photo Crd - Okkar Min Maung Facebook Page

အောင်မြင်မှုတွေ ရရှိခဲ့ပြီး မကြာမှီ အချိန်တွင်းမှာ ပဲ ဥက္ကာမင်းမောင်ဟာ သူက LGBT တစ်ယောက်ဖြစ်ကြောင်း ဖွင့်ဟ ဝင်ခံကာ နိုင်ငံခြားက လိင်တူ ချစ်သူ နဲ့ အတူ နေထိုင်ခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိ အချိန်မှာတော့ သဘောထားခြင်း မတိုက်ဆိုင်လို့ လမ်းခွဲခဲ့ကြပြီး ကိုယ့်အနုပညာ အလုပ်တွေကို ဆက်လက်လုပ်ဆောင်နေကာ ဘဝကိုပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတာ ပဲဖြစ်ပါတယ်။ ယခု အခါမှာတော့ ပြည်ပမှာ သူနေထိုင်နေရတာ နဲ့ ပတ်သတ်ပြီး အခက်အခဲတွေရှိတဲ့ကြားက အကောင်းဆုံးဖြစ်အောင်နေထိုင်နေရတယ်လို့ပြောလာတာ ပဲဖြစ်ပါတယ်။ 

Photo Crd - Okkar Min Maung Facebook Page
Photo Crd - Okkar Min Maung Facebook Page
Photo Crd - Okkar Min Maung Facebook Page
Photo Crd - Okkar Min Maung Facebook Page

သူဟာ ယခုအချိန်မှာ New York ကိုရောက်ရှိနေပြီး နေထိုင်ရတာ နဲ့ ပတ်သတ် လို့ပြောပြလာတာ ပဲဖြစ်ပါတယ်။ “ကျွန်တော်တို့ မောင်နှမ နှစ်ယောက် တူတူနေတဲ့ New York က တိုက်ခန်းလေးက အကျယ်ကြီးမဟုတ်ပေမယ့် ကြိုက်တယ်.. မီးဖို နဲ့ ဧည့်ခန်း က တတွဲထဲ.. lighting တွေကတော့ ကိုယ့်စိတ်ကြိုက် ဆင်ထားတာ... lighting လေးတွေ နဲနဲထပ်ထည့်ဦးမယ်.. ကိုယ်လဲ အိမ်အကြီးကြီးတွေနဲ့ နေချင်တာပေါ့နော်.. ကိုယ်မှ မတတ်နိုင်သေးပဲ.. တနေ့ပေါ့လေ.. ဒီနိုင်ငံမှာ စရောက်ကတည်းက အိမ်ငှားခြင်း အတွေ့အကြုံ အဆိုးတွေရော အကောင်းတွေရော နောက်မှ ဗီဒီယို ရိုက်ပြီး ပြောပြဦးမယ်….” ဆိုကာ သူရဲ့ လူမှုကွန်ယက်စာမျက်နှာ မှာ ဖော်ပြလာတာ ကို ပရိသတ်တွေ အတွက်ပြန်လည်မျှဝေပေးလိုက်တာ ပဲဖြစ်ပါတယ်နော်…..။

Photo Crd - Okkar Min Maung Facebook Page
Photo Crd - Okkar Min Maung Facebook Page
Photo Crd - Okkar Min Maung Facebook Page
Photo Crd - Okkar Min Maung Facebook Page
Photo Crd - Okkar Min Maung Facebook Page
Photo Crd - Okkar Min Maung Facebook Page

သတင်း အရင်းအမြစ်Okkar Min Maung Facebook Page

Win Zaw Oo
A Win

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T