ဒုတိယရင်သွေးလေးစလွယ်ထားရချိန်မှာ တစ်နေ့လုံးမအီမသာဖြစ်ပြီး ဝေဒနာတွေတောက်လျှောက်ခံစားနေရတာကို အရမ်းကြောက်နေတဲ့ မြတ်ရ‌တနာကျော်

//s9.kh1.co/85/85c186277fd5027674577818c105be1670627a8c.jpg
အနုပညာရှင်များ

 ၂၉-ဇန်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

ဒုတိယရင်သွေးလေးစလွယ်ထားရချိန်မှာ တစ်နေ့လုံးမအီမသာဖြစ်ပြီး ဝေဒနာတွေတောက်လျှောက်ခံစားနေရတာကို အရမ်းကြောက်နေတဲ့ မြတ်ရ‌တနာကျော်

ပရိသတ်ကြီးရေ အဆိုတော်အာဘွိုင်းရဲ့ချစ်ဇနီးချောလေး မြတ်ရတနာကျော်ကတော့ ရှမ်းမလေးဖြစ်သလို လူလေးကလည်းအရမ်းလှတာကြောင့် မိန်းကလေးအချင်းချင်းတောင် ချစ်နေရတာပဲဖြစ်ပါတယ်။မြတ်ရတနာကျော်ကလည်း MVတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။မြတ်ရတနာကျော်က သမီးလေးတစ်ယောက်ကိုမွေးဖွားထားပေမယ့်လည်း ကလေးအမေလို့ထင်ရက်စရာမရှိလောက်အောင်လှပတာဖြစ်ပါတယ်နော်။

Photo Credit:Myat Yadanar Kyaw's Facebook Account

Photo Credit:Myat Yadanar Kyaw's Facebook Account/YEMINLAY

အခုလတ်တလောမှာဆိုရင်တော့ မြတ်ရတနာကျော်က ဒုတိယကိုယ်ဝန်ကိုလွယ်ထားရပြီး စက်တင်ဘာလမှာ မိသားစုဝင်အသစ်ထပ်တိုးတော့မှာဖြစ်ပါတယ်နော်။အာဘွိုင်းကလည်း ချစ်ဇနီးလေးကို အစစအရာရာဂရုစိုက်ပေးပြီး နောက်ထပ်ကလေးလေးရတော့မှာကြောင့် အရမ်းပျော်ရွှင်နေတာဖြစ်ပါတယ်။မြတ်ရတနာကျော်ရဲ့ ဒုတိယကိုယ်ဝန်က လနုသေးတာကြောင့် Ultrasoundရိုက်လို့မရသေးဘဲ ချစ်ပရိသတ်တွေနဲ့မိတ်ဆွေ၊သူငယ်ချင်းတွေကတော့ ယောက်ျားလေးဖြစ်ဖို့ကို မျှော်လင့်နေကြတာဖြစ်ပါတယ်နော်။ 

Photo Credit:Myat Yadanar Kyaw's Facebook Account
Photo Credit:Myat Yadanar Kyaw's Facebook Account
Photo Credit:Myat Yadanar Kyaw's Facebook Account/YEMINLAY
Photo Credit:Myat Yadanar Kyaw's Facebook Account/YEMINLAY
Photo Credit:Myat Yadanar Kyaw's Facebook Account
Photo Credit:Myat Yadanar Kyaw's Facebook Account

မြတ်ရတနာကျော်ကတော့ ကိုယ်ဝန်လနုသေးတာကြောင့် ကိုယ်ဝန်ဆောင်သည်မှာဖြစ်လေ့ဖြစ်ထရှိတဲ့ ဝေဒနာတွေကို ခံစားနေရတာဖြစ်ပါတယ်။မြတ်ရ‌တနာကျော်က"ပထမဗိုက် မွေးခါနီးထိ အလူးအလဲ အန် ,တစ်နေ့လုံး တစ်ညလုံးမူး/အန်  အိပ်ရာ နဲ့ အိမ်သာအိုး မျက်နှာအပ်ထားရတယ်။ဒုတိယဗိုက် ပထမဗိုက်လောက်မဆိုးပေမယ့် တစ်နေ့လုံး မအီမသာဖြစ် ,မြင်သမျှအန်ချင် ,ပါးစပ်ပျက် ရေသောက်ရေခါး ဘာစားစာအဆင်မပြေဘူး ကလေးမွေးရမှာ ခွဲခန်းထဲဝင်ရမှာ မကြောက်ဘူး ဗိုက်ကြီးရင် ဖြစ်တဲ့ the whole day sickness ကိုပဲ တကယ် တအားကြောက်တယ် September ကိုမြန်မြန်ရောက်ချင်ပြီ"ဆိုပြီး သူမခံစားရပုံကို မျှဝေလာတာဖြစ်ပါတယ်။ 

Photo Credit:Kyaw Phyo Tun's Facebook Account
Photo Credit:Kyaw Phyo Tun's Facebook Account
Photo Credit:Kyaw Phyo Tun's Facebook Account
Photo Credit:Kyaw Phyo Tun's Facebook Account
Photo Credit:Myat Yadanar Kyaw's Facebook Account
Photo Credit:Myat Yadanar Kyaw's Facebook Account
Photo Credit:Myat Yadanar Kyaw's Facebook Account
Photo Credit:Myat Yadanar Kyaw's Facebook Account

Source&Photo Credit:Myat Yadanar Kyaw's Facebook Account

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T