ရင်သတ်ရှု့မောဖွယ်ကောင်း တဲ့ အလှတရားတွေနဲ့ဖက်ရှင်အမျိုးမျိုးဝတ်ပြီး ရိုက်ကူးပုံဖော်ထားတဲ့ ဗီဒီယို ဖိုင်လေးကို ချပြလိုက်တဲ့ ပိုးမမှီသာ

//s9.kh1.co/71/716f7a67a997d0509ef728fa141822077a9e7feb.jpg
အနုပညာရှင်များ

 ၂၇-ဇန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ဆေးကျောင်းတက်ရင်း Music ဗီဒီယိုလေးတွေကို ရိုက်ကူးရာကနေ ပရိသတ်တွေ အားပေးထောက်ခံမှု ရရှိကာ အနုပညာလော ကထဲ ရောက်ရှိခဲ့တဲ့ ပိုးမမှီသာ ကိုတော့ အားလုံးသိကြမယ် ထင်ပါတယ်။ အချိုးစားညီမျှပြီး စကားပြေဟန်က ချစ်ဖို့ကောင်းနေတာ ကြောင့် ပုရိသတွေ အကြားရေပန်းစား အောင်မြင်နေတာ ပဲဖြစ်ပါတယ်။ လက်ရှိမှာ လည်း ရုပ်ရှင်ဇာတ်ကားကြီးတွေကို လက်ခံရိုက်ကူးနေပြီး ပရိသတ်တွေ အားပေးထောက်ခံမှုနဲ့ အတူ သူမရဲ့ကြိုးစားမှုတွေကြောင့် ယခုချိန်မှာ နေရာ တစ်ခုထိရောက်ရှိအောင်မြင်နေပြီ ပဲဖြစ်ပါတယ်။

Photo Crd - Poe Mamhe Thar Facebook Page
Photo Crd - Poe Mamhe Thar Facebook Page
Photo Crd - Poe Mamhe Thar Facebook Page
Photo Crd - Poe Mamhe Thar Facebook Page

ပိုးကတော့ ဆရာဝန် တစ်ဦး ဖြစ်ပင်မဲ့ လည်း သူမ ဝါသနာ ပါရာ အနုပညာအလုပ်တွေကို လုပ်ရင်း ဆရာဝန် အလုပ်ကို လည်း မစွန့်လွှတ်ပဲ ရှေ့ဆက်ကာ လျှောက်လှမ်းနေတာ ပဲဖြစ်ပါတယ်။ လတ်တလောမှာလည်း ဖိတ်ထားတဲ့ ပွဲတွေ တက်ကာ ကြော်ငြာများစွာကိုရိုက်ကူးနေရုံသာ မက ရုပ်ရှင်ဇာတ်ကားတွေကိုလည်း ရိုက်ကူးနေပြီး အနုပညာ အလုပ်တွေ နဲ့အဆက်အသွယ် မပျက်ရှိနေတာ ပဲဖြစ်ပါတယ်။ ယခုအခါမှာတော့ တစ်လအတွင်း ပုံလေးတွေရိုက်တုန်းက ရိုက်ကူးဖြစ်ခဲ့တဲ့ ဗီဒီယိုလေးတွေကိုချပြလာတာ ပဲဖြစ်ပါတယ်။ 

Photo Crd - Poe Mamhe Thar Facebook Page
Photo Crd - Poe Mamhe Thar Facebook Page
Photo Crd - Poe Mamhe Thar Facebook Page
Photo Crd - Poe Mamhe Thar Facebook Page

အမျိုးမျိုးသော ဖက်ရှင်လေးတွေ ဝတ်ပြီး ရိုက်ကူးဖြစ်ခဲ့တဲ့ ပုံစံ လေးတွေကို ဗီဒီယိုလေး ရိုက်ကူးပြီး အမှတ်တရအဖြစ် ဖော်ပြလာတာ ပဲဖြစ်ပါတယ်။ မြန်မာ ဆန်ဆန် လေးတွေ ဝတ်တဲ့ နေရာမှာလည်း လှပကျော့ရှင်းနေပြီး ခေတ်ပေါ် စတိုင်လေးတွေ ဝတ်ရင်လည်း ချစ်စရာကောင်း ကာ ဘယ်လို နေနေ လှသွေးကြွယ် နေတာကြောင့် ပရိသတ်တွေ အားပေးထောက်ခံ မှုကို ရရှိထားတာ ဆိုရင်လည်း မမှားပါဘူး။ ဒီတစ်ခါမှာတော့ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာ ထက်မှာ ဒီတစ်လ အတွင်း ရိုက်ကူးဖြစ်ခဲ့တဲ့ ဗီဒီယိုလေးနဲ့ အတူ

“MORNING ယူတို့

ဒီလထဲပိုးရိုက်ဖြစ်ခဲ့တဲ့ Photoshoot လေးတွေကို Recap Video လေးအဖြစ်တင်ဆက်ပေးလိုက်ပါတယ်

ဒီလတော့ 3 မျိုးရိုက်ဖြစ်တယ်

ဘယ်တစ်ခု အကြိုက်ဆုံးလဲပြောသွားပေးဦးနော်

ပြီးတော့ နောက်လတွေမှာဘယ်လိုမျိုးလေးတွေရိုက်စေချင်လဲဆိုတာလဲပြောပေးခဲ့ပါဦး…..” ဆိုတဲ့ခေါင်းစဉ်လေး တပ်ကာဖော်ပြလာတာ ကို ပရိသတ်တွေ အတွက်ပြန်လည် မျှဝေပေးလိုက်တာ ပဲဖြစ်ပါတယ်နော်…..။

Photo Crd - Poe Mamhe Thar Facebook Page
Photo Crd - Poe Mamhe Thar Facebook Page
Photo Crd - Poe Mamhe Thar Facebook Page
Photo Crd - Poe Mamhe Thar Facebook Page

သတင်း အရင်းအမြစ်Poe Mamhe Thar Facebook Page

Win Zaw Oo
A Win

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T