ရှကုန်မယ်ဆိုတဲ့သီချင်းသံလေးကြားတာနဲ့ ချက်ချင်းပုဆိုးကိုပြင်၀တ်ကာ ဒေါက်ဖိနပ်နဲ့အမိုက်စား မော်ဒယ်လ်ရှိုးတွေလျှောက်ပြနေတဲ့ ကျော်ကျော်ရဲ့ဗီဒီယိုလေး

//s9.kh1.co/7c/7c3ffcc09f193f8efdbd681e043fc4bc7816705c.jpg
အနုပညာရှင်များ

 ၂၇-ဇန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အခွီဗီဒီယိုလေးတွေနဲ့ ရယ်စရာလေးတွေ အမြဲလုပ်တတ်တာတွေကြောင့် ပရိသတ်ရဲ့အချစ်တွေကိုအခိုင်အမာနေရာယူထားနိုင်သူကတော့ သရုပ်ဆောင်မင်းသားကျော်ကျော်ပဲ ဖြစ်ပါတယ်နော်.....။ သူဟာ ဟာသဉာဏ်ရွှင်တဲ့သူလည်းဖြစ်ပြီး အမြဲလိုလိုသူ့ရဲ့ Facebook စာမျက်နှာမှာ ဆိုရင်လည်း အခွီစာသားလေးတွေရေးတင်တတ်လေ့ရှိသူတစ်ယောက်ဖြစ်ပါတယ်။ ဒါ့ပြင်ကျော်ကျော်ဟာ ဗီဒီယိုကားတွေ ရုပ်ရှင်ကားကြီးရိုက်ကူးနေတာဖြစ်တဲ့အပြင် ဇာတ်လမ်းတွဲတွေမှာလည်း ပီပြင်စွာသရုပ်ဆောင်နိုင်တဲ့သူတစ်ယောက်ပါနော်။

Photo credit-Kyaw Naing Oo's Facebook acc
Photo credit-Kyaw Naing Oo's Facebook acc
Photo credit-Kyaw Naing Oo's Facebook acc
Photo credit-Kyaw Naing Oo's Facebook acc

အနုပညာအလုပ်တွေဆက်တိုက်လုပ်ဆောင်နေတဲ့ ကျော်ကျော်ကတော့ ဇာတ်လမ်းတွဲတွေအပြင် ကြော်ငြာတွေလည်း ရိုက်ကူးနေကာ Live Sale တွေမှာလည်း မကြာခဏဆိုသလို တွေ့မြင်ရတာဖြစ်ပါတယ်။ အမြဲပျော်ပျော်နေတတ်ပြီးအခွီတွေလုပ်တတ်တဲ့ ကျော်ကျော်ဟာ Tik Tokဗီဒီယိုလေးတွေကိုလည်း ဆော့ကစားတတ်ပြီး အခုဆိုရင်လည်း အခွီTik Tokလေးတစ်ပုဒ်ရိုက်ထားပြန်တာလည်းဖြစ်ပါတယ်နော်....။

Photo credit-Kyaw Naing Oo's Facebook acc
Photo credit-Kyaw Naing Oo's Facebook acc
Photo credit-Kyaw Naing Oo's Facebook acc
Photo credit-Kyaw Naing Oo's Facebook acc

ကျော်ကျော်ဟာ မေခလာရဲ့အသစ်ထွက်ရှိထားတဲ့ ရှကုန်မယ်ဆိုတဲ့သီချင်းလေးနဲ့ အပီအပြင်ဆော့ထားတာပါနော်။ ဒီဗီဒီယိုလေးမှာဆိုရင် ကျော်ကျော်ဟာ သီချင်းဖွင့်လိုက်တာနဲ့ ချက်ချင်းပုဆိုးကိုပြင်၀တ်ပြီး ဒေါက်ဖိနပ်စီးကာ ကြွကြွရွရွလေးလျှောက်ပြနေပြီး ကနွဲ့ကလျအမူအရာတွေလုပ်ကာ အခွီတွေလုပ်နေတာပါ။ ကဲ.....ပရိသတ်ကြီးအတွက် ဒီဗီဒီယိုလေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Kyaw Naing Oo's Facebook acc
Photo credit-Kyaw Naing Oo's Facebook acc

သတင်း အရင်းအမြစ်Kyaw Naing Oo's Tik Tok acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T