အခန်းအပြည့်ထားစရာနေရာမရှိလောက်အောင် များပြားတဲ့ သူမရဲ့ အထည်တွေကို စျေးတန်တန်နဲ့ Live လွှင့်ကာ ရောင်းချနေတဲ့ လမင်းကဗျာ

//s9.kh1.co/c1/c1c62d625fb3a439a965c5abbad53b904991e9ea.jpg
အနုပညာရှင်များ

 ၂၇-ဇန်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ဇာတ်ပို့သရုပ်ဆောင် လမင်းကဗျာကတော့ အနုပညာအလုပ်တွေကို ဟိုးအရင်ကတည်းက ကြိုးစားလုပ်ကိုင်ခဲ့တာဖြစ်လို့ ပရိသတ်တွေနဲ့ မိတ်ဆက်ပေးစရာမလိုလောက်အောင် ရင်းနှီးပြီးသားဖြစ်မှာ အသေအချာပဲ ဖြစ်ပါတယ်။ လမင်းကဗျာက ဗီဒီယိုဇာတ်ကားတွေမှာ အကောင်းဆုံး သရုပ်ဆောင်မှုတွေနဲ့ ပါဝင်ရိုက်ကူးလေ့ရှိတာဖြစ်ပြီး လက်ရှိ Covid ကာလမှာတော့ အနုပညာလှုပ်ရှားမှုတွေ နည်းပါးနေခဲ့တာဖြစ်ပါတယ်။ 

Photo credit - Lamin Kabyar's FB account

အနုပညာလှုပ်ရှားမှုတွေ ရပ်နားထားပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကို ဦးစီးလုပ်ကိုင်နေတဲ့ လမင်းကဗျာတစ်ယောက် မိဘအိမ်က ခွဲထွက်ပြီး ကိုယ်ပိုင်အိမ်လေးကို မကြာသေးတဲ့အချိန်က ဝယ်လိုက်ကြောင်း ပရိသတ်ထံ အသိပေးပြောလာခဲ့ပါသေးတယ်။ သူမရဲ့ အိမ်လေးထဲမှာ မလိုအပ်တဲ့ အပိုပစ္စည်းလေးတွေကို လူမှုကွန်ယက် ဖေ့ဘွတ်အကောင့်မှာ ရောင်းချလေ့ရှိတာဖြစ်ပြီး ယနေ့မှာလည်း အထည်လေးတွေကို ရောင်းချလာခဲ့ပါတယ်။ 

Photo credit - Lamin Kabyar's FB account
Photo credit - Lamin Kabyar's FB account
Photo credit - Lamin Kabyar's FB account
Photo credit - Lamin Kabyar's FB account
Photo credit - Lamin Kabyar's FB account
Photo credit - Lamin Kabyar's FB account

ဖက်ရှင်ဆိုင်ကြီးလို အဝတ်တွေနဲ့ ပြည့်နေတဲ့ အခန်းထဲမှာ ဇိမ်ကျကျထိုင်ရင်း Liveလွှင့်ရောင်းချနေခဲ့တဲ့ လမင်းကဗျာက သူမရဲ့ ပုံလေးတွေကို Facebook story မှာ တင်ပေးလာခဲ့ပါတယ်။ ပုံလေးတွေထက်မှာ " မသိဘူး ရောင်းမယ် ရှင်းလို့မကုန်ဆုံးနိုင်သော " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားပါသေးတယ်။ ပရိသတ်တွေလည်း ကြိုက်နှစ်သက်ရင် ဝယ်ယူနိုင်အောင် လမင်းကဗျာရဲ့ပုံလေးတွေကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ 

Photo credit - Lamin Kabyar's FB account
Photo credit - Lamin Kabyar's FB account
Photo credit - Lamin Kabyar's FB account
Photo credit - Lamin Kabyar's FB account
Photo credit - Lamin Kabyar's FB account
Photo credit - Lamin Kabyar's FB account

သတင်း အရင်းအမြစ်Source - Lamin Kabyar's FB account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T