MRTV-4 ဇာတ်ကားတွေနဲ့ ပရိသတ်ရင်ထဲစတင်နေရယူထားပြီး ဇာတ်ကားတွေများစွာရိုက်ကူးကာ အောင်မြင်တဲ့အနုပညာရှင်အဖြစ် ရပ်တည်လျှောက်လှမ်းနေသူလေးကတော့ သရုပ်ဆောင်မင်းသမီးချော မြတ်သူသူပဲ ဖြစ်ပါတယ်နော်..။

ကျရာဇာတ်ရုပ်တွေမှာ သူမရဲ့ပီပြင်ပိုင်နိုင်တဲ့သရုပ်ဆောင်ကောင်းမှုတွေအပြင် စကားပြောပွင့်လင်းပြီး ချစ်စရာကောင်းတဲ့ဟန်ပန်လေးတွေကြောင့်လည်း ပရိသတ်တွေက သဘောကျအချစ်ပိုနေကြပြီး အားပေးချစ်ခင်နေကြတာလည်း ဖြစ်ပါတယ်..။

Photo Credit - Myat Thu Thu - မြတ်သူသူ Fb Acc
Photo Credit - Myat Thu Thu - မြတ်သူသူ Fb Acc

မြတ်သူလို့ အားလုံးက ချစ်စနိုးခေါ်ကြပြီး သူမရဲ့လှုပ်ရှားမှုလေးတွေကို ဝေမျှတတ်သလို ပြီးခဲ့တဲ့ နှစ်နှစ်ကျော်လောက်ကတည်းက နာမည်ပြောင်းထားတဲ့ သူမရဲ့နာမည်နဲ့ပတ်သက်ပြီးတော့လည်း ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်နော်..။

၂၀၁၉ကတည်းက မြတ်သူသူလို့ နာမည်ပြောင်းထားပေမယ့် အခု၂၀၂၁ရောက်ပြီး နှစ်နှစ်ကျော်တဲ့အထိ အတည်လို့ မထင်ဘဲ စနောက်နေတယ်လို့ထင်နေကြသေးတဲ့ သူတွေနဲ့ပတ်သက်ပြီး ပြောပြထားတာပဲ ဖြစ်ပါတယ်နော်..။

Photo Credit - Myat Thu Thu - မြတ်သူသူ Fb Acc
Photo Credit - Myat Thu Thu - မြတ်သူသူ Fb Acc

"မြတ်သူသူလို့ပဲပြောင်းလိုက်တာ ၂၀၁၉ ထဲကလေ

အခု ၂၀၂၁ ရှိပြီ အတည်လို့မထင်ကြသေးဘူးလား 😖

ယူတို့နော် ဇွတ် 😣😣😣.." ဆိုပြီး မြတ်သူသူက အရွှန်းဖောက်ပြောပြထားတာပဲ ဖြစ်ပါတယ်နော်..။

ပရိသတ်တွေကလည်း မြတ်သူလေးကို အားပေးစကားလေးတွေပြောရင်း အပြန်အလှန်စကားလေးတွေပြောကာ စနောက်ထားကြတာလေးတွေကိုလည်း ကြည်နူးစွာ မြင်တွေ့ရမှာမို့ ပရိသတ်တွေကိုလည်း ဝေမျှပေးလိုက်ပါတယ်နော်..။

Photo Credit - Myat Thu Thu - မြတ်သူသူ Fb Acc
Photo Credit - Myat Thu Thu - မြတ်သူသူ Fb Acc

သတင်းအရင်းမြစ်: Myat Thu Thu - မြတ်သူသူ Fb Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။