ညသန်းခေါင် အချိန်မှာ ဆီးခနခနသွားရာကနေ ဘာတွေဖြစ်လာနိုင်လဲ?

//s9.kh1.co/56/56c24d5aa7521e44777be9c837242930c3576382.jpg
ဗဟုသုတအဖြာဖြာ

 ၂၆-ဇန်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.


တစ်ခါတစ်ရံမှာ ညသန်းခေါင် လူအိပ်ချိန်တွေမှာ ဆီးခနခနသွားတာမျိုးတွေက လူတော်တေ်ာများများကြုံဖူးကြပါတယ်။ ဒါဟာ အိပ်ခါနီး အရည်တွေအသောက်များတာကြောင့်လဲ ဖြစ်နိုင်သလို အခြားသောအကြောင်းအရာလေးတွေကြောင့်လဲ ဖြစ်နိုင်ပါတယ်။

photo  credit -pngtree
photo credit -pngtree

ဘာ့ကြောင့် သန်းခေါင်အချိန်မှာ ဆီးခနခနသွားချင်ရတာလဲဆိုတာကတော့ ယေဘုယျအားဖြင့်ဆိုရင် အိပ်ခါနီးမှ ရေသောက်ခြင်း၊ အရက် ဘီယာ သောက်ခြင်း၊ အချိုရည်၊ ကော်ဖီ၊ လက်ဖက်ရည်များ သောက်သုံးခြင်း စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။နောက်တစ်ဆင့်အနေနဲ့ကတော့ ဆီးသွားတဲ့အခါ ထိန်းချုပ်ပေးတဲ့ ဟော်မုန်းနည်းနေတာကြောင့်လဲဖြစ်နိုင်ပါတယ်။

photo  credit -pngtree
photo credit -pngtree

ဒီအဆင့်တွေကျော်ပြီး နောက်တစ်ဆင့်အနေနဲ့ကတော့ ဆီးလမ်းကြောင်းမှာ ပိုးဝင်တာကြောင့်ဖြစ်နိုင်သလို လိင်ဆက်ဆံတဲ့အချိန်မှာ ဖြစ်ပေါ်နိုင်တဲ့ အချို့သောရောဂါတွေကြောင့်လဲ ဖြစ်နိုင်ပါတယ်။ ဆီးကြိတ်ရောဂါရှိတဲ့သူတွေဆိုရင်လည်း ဒီလိုမျိုးခနခနဖြစ်နိုင်ပြီး ကလေးမွေးထားပြီး ဆီးအိမ်ကျုံ့နေတဲ့ အချိန်မျိုးမှာလည်း ဖြစ်နိုင်ပါတယ်။အကယ်၍သင်ဟာ ညသန်းခေါင်အချိန်မှာ ဆီးသွားချင်တာကို အောင့်ထားပြီးမနက်ထိနေမယ်ဆိုရင် ကြာလာတာနဲ့အမျှ သင့်ရဲ့ကျန်းမာရေးကို ထိခိုက်လာစေနိုင်ပါတယ်။ ဒါ့အပြင် တစ်ခါနှစ်ခါ မဟုတ်ပဲ အိပ်ရေးပျက်လောက်တဲ့အထိ ဆီးသွားနေပြီဆိုရင်တော့ ဆရာဝန်နဲ့သွားရောက်တိုင်ပင် ပြသသင့်ပါတယ်။

photo&nbsp; credit -pngtree<br>
photo  credit -pngtree

သတင်း အရင်းအမြစ်healthline

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T