အိမ်တွင်း အကြမ်းဖက်ခံရပြီးနောက် အသက် 69 နှစ်အရွယ်မှာပဲ သေဆုံးသွားခဲ့ရတဲ့ အဘွားအို

//s9.kh1.co/b5/b50de00633fc9c598de985fd5afbc386e6b5789d.jpg
ဗဟုသုတအဖြာဖြာ

 ၂၆-ဇန်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.


Norfolk က Barford မှာနေထိုင်တဲ့ အသက် 69 နှစ်အရွယ် အဘွား Liz Youngs ဟာဆိုရင် သူမနေထိုင်တဲ့အိမ်အတွင်းမှာပဲ အကြမ်းဖက်မှုကို ခံနေခဲ့ရပါတယ်။အဘွား Liz ကိုအကြမ်းဖက်တာကတော့ အခြားသူမဟုတ်ပါဘူး ၊ အဘွားကိုစောင့်ရှောက်ပေးဖို့ ငှားထားတဲ့ အသက် 29 နှစ်အရွယ် Jenny Dady ဆီကနေပဲဖြစ်ပါတယ်။Jenny ဟာ အဘွားကို နှိပ်စက်အကြမ်းဖက်နေတာ အချိန်တော်တော်ကြာခဲ့ပြီဆိုပေမယ့်လည်း အဘွားရဲ့မိသားစုဝင်တွေက အိမ်ရဲ့ CCTV မှတ်တမ်းကို ပြန်စစ်ကြည့်မိတဲ့အခါမှသာ ဒီအဖြစ်အပျက်ကို သိရှိခဲ့ရတာပါ။

photo credit - DailyStar
photo credit - DailyStar

၎င်း CCTV မှတ်တမ်း ဗီဒီယိုထဲမှာတော့ Jenny ဟာ အဘွား Liz ကို နည်းပေါင်းစုံနဲ့ နှိပ်စက်နေတာကို မိသားစုဝင်တွေ အတိုင်းသားမြင်ခဲ့ရပါတယ်။ Jenny ဟာအဘွားရဲ့ ခန္ဓာကိုယ်ကို အနာတစ်ရဖြစ်အောင်လုပ်တာတွေ ၊ ရေချိုးပြီးတဲ့အချိန်မှာ ခန္ဓာကိုယ်နဲ့ ခေါင်းမှာရေတွေစိုနေတဲ့ အဘွားကို ဘီးတပ်ကုလာထိုင်းပေါ်မှာ မိနစ် 30 လောက်ပစ်ထားခဲ့တာတွေအပြင် အခြားသော အကြမ်းဖက်မှုတွေနဲ့ အကြမ်းဖက်နေခဲ့တာပဲဖြစ်ပါတယ်။ဒီဖြစ်ရပ်ကိုသိရှိခဲ့တဲ့ မိသားစုဝင်တွေအနေနဲ့လည်း ရဲကိုတိုင်ကြားခဲ့ပြီး Jenny ဟာလည်း အကြမ်းဖက်မှုနဲ့ အဖမ်းခံခဲ့ရပေမယ့် စစ်ဆေးနေတဲ့အချိန်အတွင်းမှာပဲ အဘွား Liz ကတော့ ကွယ်လွန်သွားခဲ့ပါတယ်။

photo credit - DailyStar
photo credit - DailyStar

ဒါဟာ အဘွားရဲ့ သမီးဖြစ်သူ Corrina Cunningham အတွက်လည်း တော်တော်လေး စိတ်မကောင်းဖြစ်ခဲ့ရတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပြီး “ အမေငါ့ကို လိုအပ်နေတဲ့အချိန်မှာ ငါကာကွယ်မပေးနိုင်ခဲ့ဘူး ၊ ငါရဲ့အိမ်ထဲမှာ အမေကနှိပ်စက်ခံနေခဲ့ရတာကို ငါမသိခဲ့တာက အပြစ်တစ်ခုလို ခံစားနေရတယ် ၊ Jenny ကအမေ့ကို အမှန်တကယ် ဂရုစိုက်ပေးနေတာလို့ ငါယုံကြည်ခဲ့မိတယ်၊ ဒါပေမယ့် ငါ့ရဲ့ယုံကြည်မှုဟာ ဆိုးရွားတဲ့နည်းလမ်းနဲ့ သစ္စာဖောက်ခံခဲ့ရတယ် ၊ငါဒီဗီဒိယိုဖိုင်ကို ကြည့်ရတာ တကယ့်ကိုခက်ခဲပါတယ်။ ငါကြည့်မိတဲ့အချိန်တိုင်းမှာလည်း ငါ့ရဲ့ရုပ်ဆိုင်းဆိုင်ရာတွေ နာကြင်သလိုခံစားနေရပါတယ်” လို့ဆိုပါတယ်။

ကိုယ့်ရဲ့မိခင်တစ်ယောက်လုံး အိမ်ထဲမှာ အကြမ်းဖက်နှိပ်စက်ခံနေရတာကို စောစောမသိခဲ့တဲ့ သမီးတစ်ယောက်ရဲ့ နာကျင်မှုကလည်း တော်တော်လေးကို ကြီးမားနေမှာပါပဲ။

photo credit - DailyStar<br>
photo credit - DailyStar

သတင်း အရင်းအမြစ်DailyStar

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T