အလုပ်တွေမနားမနေလုပ်ရလို့ ပင်ပန်းနေချိန်လေးမှာ သူငယ်ချင်းတွေကသီချင်းဆိုကာအားပေးနေကြတာကြောင့် ပျော်ရွှင်ခဲ့ရတဲ့ရွှေကစ်ရဲ့ဗီဒီယိုလေး

//s9.kh1.co/f0/f0930b37a3686727ae913124a18ca2b9bc3386c4.jpg
အနုပညာရှင်များ

 ၂၂-ဇန်-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ......သရုပ်ဆောင်ကောင်းမွန်တဲ့အပြင် ကလေးတစ်ယောက်လိုချစ်စဖွယ်မျက်နှာလေးနဲ့ပရိသတ်အားပေးမှုအပြည့်အ၀ရရှိထားတဲ့ မင်းသမီးချောလေး၀တ်မှုန်ရွှေရည်ကိုသိကြမယ်ထင်ပါတယ်‌။သူမဟာ ကြော်ငြာများ ဗီဒီရိုဇာတ်ကားများဖြင့်အနုပညာလောကထဲစတင်၀င်ရောက်လာခဲ့ပြီး ယခုဆိုရင်နိုင်ငံကျော်ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်လို့နေပါပြီ။‌ကစ်‌ဟာ ကျရာဇာတ်ရုပ်ကိုပီပြင်စွာသရုပ်ဆောင်နိုင်တဲ့အတွက် အကယ်ဒမီဆုများစွာကိုလည်းသိမ်းပိုက်ထားနိုင်သူတစ်ယောက်ဖြစ်ပါတယ်။

Photo credit-Wutt Hmone Shwe Yi's Facebook page
Photo credit-Wutt Hmone Shwe Yi's Facebook page
Photo credit-Wutt Hmone Shwe Yi's Facebook page
Photo credit-Wutt Hmone Shwe Yi's Facebook page

ရွှေကစ်ဟာ ဖြူဖွေး၀င်းဥနေတဲ့အသားအရည်လေးကိုလည်းပိုင်ဆိုင်ထားတာဖြစ်ပြီး ကလေးလေးတစ်ယောက်လိုနုပျိုလှပနေတာဖြစ်တဲ့အပြင် အလုပ်လုပ်တဲ့နေရာမှာလည်း professionalကျကျလုပ်တတ်တာကြောင့် အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ရပ်တည်အောင်မြင်နေတာဖြစ်ပါတယ်။ အခုလက်ရှိမှာဆိုရင်လည်း ရွှေကစ်လေးဟာရိုက်ကူးရေးတွေ ရှုတင်တွေအဆက်မပြတ်လုပ်နေရတာဖြစ်ပြီး မနားမနေသွားနေရတာလည်း ဖြစ်ပါတယ်....။

Photo credit-Wutt Hmone Shwe Yi's Facebook page
Photo credit-Wutt Hmone Shwe Yi's Facebook page
Photo credit-Wutt Hmone Shwe Yi's Facebook page
Photo credit-Wutt Hmone Shwe Yi's Facebook page

ပွဲအခမ်းအနားတွေ၊ရိုက်ကူးရေးတွေကို အမြဲလိုလိုစိ‌တ်ရောကိုယ်ပါနှစ်ပြီးလုပ်တတ်တဲ့ ရွှေကစ်လေးဟာ မကြာသေးမီကတော့ သူမရဲ့ Instagram accလေးမှာ ပင်ပန်းပြီး moodတွေပျောက်ကာ အိပ်ချင်နေခဲ့တဲ့အတွက် သူမရဲ့သူငယ်ချင်းတွေက သီချင်းဆိုကာအားပေးနေကြတဲ့ ဗီဒီယိုလေးကိုတင်ပေးလာခဲ့ပါတယ်။ ကဲ....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Wutt Hmone Shwe Yi's Facebook page
Photo credit-Wutt Hmone Shwe Yi's Facebook page
https://s9.kh1.co/__image/w=650,h=971,q=100/1a/1ac5153c3d7048c9a30a94f0b5746af4d20439c7.jpg

သတင်း အရင်းအမြစ်Wutt Hmone Shwe Yi's Instagram acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T