ရေပန်းစားတဲ့အနုပညာဖန်တီးမှု တစ်ခုဆိုပေမယ့် အခန့်မသင့်ရင် မျက်လုံးပါကန်းနိုင်တဲ့ sclera tattoo

//s9.kh1.co/2e/2e4a8c46eed0588bd30eff647281bf716f892489.jpg
ဗဟုသုတအဖြာဖြာ

 ၂၂-ဇန်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

တက်တူးထိုးတဲ့အနုပညာကတော့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာထဲက ခေတ်စားတဲ့အနုပညာတစ်ခုဖြစ်ပြီး နောက်ပိုင်းမှာတော့ ခန္ဓာကိုယ်ရဲ့အရေပြားတွေပေါ်မှာ ရေးထိုးတာတင်မဟုတ်တော့ပဲ မျက်လုံးတွေမှာပါ တက်တူးထိုးလာကြပါတယ်။မျက်လုံးတက်တူးထိုးတာကိုတော့ sclera tattoo လို့ခေါ်ကြပြီး ဒီတက်တူးတွေဟာ အခြားသာတက်တူးတွေထက် ထူးဆန်းနေတာတော့အမှန်ပါပဲ။

photo from google
photo from google
photo from google
photo from google

ဒီမျက်လုံးတက်တူးဟာ မျက်လုံးအတွင်းပိုင်းအသားကို တက်တူးရေးထိုးတာဖြစ်ပြီး တော်ရုံလူတွေထိုးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး၊ တကယ်ဇရှိတဲ့သူတွေမှသာ ထိုးရဲမှာပါ။ မျက်လုံးရဲ့အတွင်းသားထဲကို ကိုယ်ကြိုက်နှစ်သက်တဲ့ ကာလာတွေထိုးထည့်ပြီး ပုံဖော်ကြတဲ့ ဒီ sclera tattoo ဟာ အခန့်မသင့်ရင် ကိုယ့်ရဲ့မျက်လုံးကိုပါ ထိခိုက်စေနိုင်ပါတယ်။ မျက်လုံးတက်တူးထိုးထားတဲ့ မျက်လုံးဟာ သာမန်လူတစ်ယောက်ရဲ့မျက်လုံးနဲ့ လုံးဝမတူတော့ပဲ ဆန်းသစ်နေတဲ့ အနုပညာဖန်တီးမှုတစ်ခုဆိုပေမယ့် ဘေးထွက်ဆိုးကျိုးတွေကြောင် မျက်လုံးကန်းသွားသူတွေလည်းရှိတဲ့အတွက် မထိုးခင်တော့ သေချာစဉ်းစားသင့်ပါတယ်။

photo from google
photo from google
photo from google
photo from google
photo from google
photo from google

တချို့တက်တူးဆရာတွေကတော့ သူတို့ဆီလာပြီး မျက်လုံးတက်တူးထိုးတဲ့သူတွေကို ပြီးစလွယ်ထိုးပေးတာမျိုး မလုပ်ပဲ သေချာစဉ်းစားပြီးမှ ထိုးသင့်တယ်လို့ အကြံပေးတာမျိုးတွေရှိပါတယ်။ ဒါ့အပြင် ဒီလိုမျက်လုံးတက်တူးထိုးခြင်းရဲ့ အကျိုးဆက်တွေ ဖြစ်တဲ့ မျက်လုံးအတွင်းပိုင်းရောင်ယမ်းတာမျိုးတွေကို ကာလရှည်ကြာခံစားနိုင်ရနိုင်တာကိုပါ ထည့်သွင်းရှင်းပြပေးပြီး ဖောက်သည်က တစ်ကယ်ထိုးချင်ပါတယ်ဆိုမှ အလုပ်လက်ခံကြပါတယ်။

ဒီမျက်လုံးတက်တူးဟာ အနောက်နိုင်ငံကလူတွေကြားမှာတော့ ရေပန်းစားလှတဲ့ အနုပညာဖန်တီးမှုတစ်ခုဆိုပေမယ့် သေချာမစဉ်းစားမဆင်ခြင်ဘဲ မရူးမိုက်မိကြပါနဲ့လို့ အကြံပေးလိုက်ပါရစေ။

photo from google
photo from google
photo from google
photo from google
photo from google
photo from google

သတင်း အရင်းအမြစ်bloggersarena

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T