ဆီးချိုရောဂါ ရှိသူတွေသိထားသင့်တဲ့ ဆောင်ရန်ရှောင်ရန် အချက်များ

//s9.kh1.co/ea/ead10c57d482520e9e3f568c63ba9775d414872e.jpg
ဗဟုသုတအဖြာဖြာ

 ၂၁-ဇန်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ဆီးချိုရောဂါဟာ နာတာရှည်ရောဂါတစ်ခုဖြစ်ပြီး လူတွေသတိထား မဖြစ်အောင်ရှောင်သင့်တဲ့ ရောဂါတစ်ခုဆိုရင်လည်း မမှားပါဘူး။ အကယ်၍ ကိုယ်က ဆီးချိုရောဂါ ဝေဒနာခံစားနေရသူတစ်ယောက်ဆိုရင်လည်း ဒီရောဂါနဲ့ ပတ်သတ်တဲ့ ဆောင်ရန် ရှောင်ရန်လေးတွေကို သိထားသင့်ပါတယ်။

photo credit - Pngtree
photo credit - Pngtree

ဆီးချိုရောဂါခံစားနေရပြီဆိုရင်တော့ သွေးတွင်း သကြားဓာတ် ရုတ်တရက်မြင့်တက်စေသော အချိုရည် အမျိုးမျိုး အချိူဓာတ်များသော သကြား၊ သကြားလုံး ယိုမျိုးစုံနှင့် အချိုမှုန့်တို့ကိုရှောင်ပါ။ ဒါ့အပြင် ကစီဓာတ်(ကာဗိုဟိုက်ဒြိတ်)များသော အာလူး ၊ ကန်စွန်းဥ ၊ အာတာလွတ်၊ ပဲမြစ် ထန်းမြစ် ပိန်းဥ ပြောင်းဖူး ၊ ကောက်ညှင်း နှင့် ပြုလုပ်ထားသောမုန့်အမျိုးမျိုးု တို့ကို ရှောင်ပါ။ဆီးချိုးသမားတွေအတွက် အထူးထုတ်လုပ်ထားတဲ့ အစားအစာများကို အလွန်အကျွံ စားသုံးတာတွေကနေလည်း ရှောင်ပေးသင့်ပါတယ်။ နောက်ထပ်တစ်ခုအနေနဲ့ သင်ဟာ အရက် ဆေးလိပ် ကွမ်းစသည်တို့ကို သုံးစွဲသူတစ်ယောက်ဆိုရင်တော့ အားလုံးကိုဖြတ်ပေးသင့်ပါတယ်။

photo credit - Pngtree
photo credit - Pngtree

စားသုံးပေးသင့်တာတွေကတော့ အရည်ရွှမ်းပြီး အချဉ်ဓာတ်များသော ကျွဲကောသီး၊ ရှောက်သီး၊ သံပုရာသီး ၊လိမ္မော်သီး ၊ နာနတ်သီး ၊ ကမ္ဗလာသီး အချိုဓာတ်နည်းသော သစ်တော်သီး ၊စပျစ်သီး ပန်းသီး သဘောင်္သီးများကို နေ့စဉ်စားသုံးပါ။ကာဗိုဟိုက်ဒြိတ် နဲ့ ကယ်လိုရီ ပါဝင်မှုနည်းသော ကြက်ဟင်းခါးသီး ၊ ကြောင်လျှာသီး ၊ခရမ်းချဉ်သီး ၊ချဉ်ပေါင် ၊ တမာရွက် ဂွေးတောက်ရွက် စတဲ့ ဟင်းသီးဟင်းရွက်များ ကို များများစားသုံးပေးပါ ။ခန္ဓာကိုယ်အတွက် လိုအပ်ပြီး ကယ်လိုရီ ပေးစွမ်းနိုင်သော ကောက်နှံ(ဆန်းလုံးညို ၊ဂျုံ့) အမျိုးမျိုး ၊ ပဲအမျိုးမျိုး နို့အမျိုးမျိုး ငါးအမျိုးမျိုးကိုတော့ သင့်တော်တဲ့ ပမာဏအတိုင်း ချိန်တွယ်တွက်ဆပြီး စားသုံးပေးသင့်ပါတယ်။

အဓိကကတော့ စိတ်ကိုပျော်ရွှင်အောင်နေပြီး ခန္ဓာကိုယ်ကို ကျန်းမာအောင် လေ့ကျင့်ခန်းလေးတွေ ပုံမှန်လုပ်ဆောင်ပေးပါ။

photo credit - Pngtree
photo credit - Pngtree

သတင်း အရင်းအမြစ်Healthline

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T