အမေရိကန်နိုင်ငံရဲ့ ထင်ရှားပြီး ကြောက်လန့်ဖွယ်ရာကောင်းတဲ့ တစ္ဆေမြို့တွေထဲက တစ်မြို့

//s9.kh1.co/76/7604832fb2e1525471e7c5dcc6501db3c40edf9b.jpg
ဗဟုသုတအဖြာဖြာ

 ၁၉-ဇန်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ဘိုဒီ Bodie, California အမေရိကန်နိုင်ငံ၏ အထင်ရှားဆုံး တစ္ဆေမြို့သည် ကာလီဖိုနီးယားပြည်နယ်ရှိ ဘိုဒီမြို့ ဖြစ်တယ်လို့သိထားကြပါတယ်။ ဘိုဒီမြို့ဟာ တစ်ချိန်သောကာလက ရွှေသတ္ထုမိုင်းတွင်း တည်ရှိခဲ့ကာ နေထိုင်သူ တစ်သောင်းရှိသည့်မြို့ဖြစ်ခဲ့ပါတယ်။ မြို့အမည်ကို မိုနို ရေအိုင် အနီးရှိ တောင်တန်းများမှ ရွှေတိုရွှေစများရှာဖွေတွေ့ရှိခဲ့သူ ဝီလီယမ်ဘိုဒီ၏ အမည်ကို ယူကာမှည့်ခေါ်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=339,q=100/85/8512abd9a9f995e64a91ebd68c27b25125b5bb86.jpg
https://s9.kh1.co/__image/w=600,h=400,q=100/32/324a9fd6d4a947ad3e65a7aa2f29d290a27160d2.jpg

ဘိုဒီမြို့တွင် ရွှေစများတွေ့ရှိပြီးနောက်ပိုင်းတွင် လူအများသည် ယင်းနေရာသို့ စုရုံးရောက်ရှိလာခဲ့ရာ ၁၈၀၀ ပြည့်နှစ်တွင် အစည်ကားဆုံး ဖြစ်ခဲ့ပါတယ် ။ ၁၈၈၁ ခုနှစ်မှာတော့ ဘိုဒီမြို့တွင် တရားဥပဒေ စိုးမိုးမှုကင်းမဲ့ခဲ့ကာ လူသတ်မှုများ၊အနုကြမ်းစီးမှုများ၊လုယက်မှုများ၊ တိုက် ခိုက်မှုများဖြစ်ပွားခဲ့ပါတယ်။ ယင်းအခြေအနေများကြောင့် ဘိုဒီဒေသ၏ စည်ပင်ဝပြောမှုသည် ၁၈၈၂ ခုနှစ်မှစတင်လျော့ပါးလာခဲ့ကာ နေထိုင်သူ လူဦးရေက သိသိသာသာကျဆင်းသွားခဲ့ရပါတယ်။

https://s9.kh1.co/__image/w=600,h=400,q=100/1a/1a74f68e3699a52f005d79199e139dce5806f735.jpg
https://s9.kh1.co/__image/w=600,h=338,q=100/1d/1d9c2effc48c250c38c0fbec4dfd45082d6382ab.jpg

၁၈၉၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် မီးလောင်မှုက ဒေသစီးပွားရေး လုပ်ငန်းအများစုကို ပျက်စီးစေခဲ့ကာလူအများသည် ဘိုဒီ ကို စွန့်ခွာခဲ့ကြပြန်ပါတယ်။နောင်နှစ် ၄၀ အကြာတွင် ထပ်မံဖြစ်ပွားခဲ့သည့် မီးလောင်မှုသည် ကျန်ရှိသည့် အဆောက်အအုံ ၉၅ ရာခိုင် နှုန်းကို လောင်ကျွမ်းခဲ့ရပြန်ကာ ဘိုဒီမြို့ သည် ၁၉၄၀ ပြည့်နှစ်များမှစ၍ တစ္ဆေမြို့တစ်မြို့ဖြစ်လာခဲ့ကာ၁၉၆၂ ခုနှစ်တွင် ပြည်နယ် သမိုင်းဝင် ဥယျာဉ်နှင့် ကယ်လီဖိုးနီးယားပြည်နယ်၏ သမိုင်းဝင်နေရာတစ်ခုဖြစ်လာခဲ့ပါတယ်။ ဘိုဒီမြို့တွင် ယခုအခါမှာတော့ အစိတ်အပိုင်း အနည်းငယ်မျှသာ ကျန်ရှိ နေပြီး လာရောက်လည်ပတ်မည့် ခရီးသွားများကို ကြိုဆိုလျက်ရှိနေပါတယ်။

https://s9.kh1.co/__image/w=600,h=233,q=100/66/66295a0068182d3aff1a07571bba07dc26092684.jpg
https://s9.kh1.co/__image/w=600,h=450,q=100/0e/0ea761332b6c09afd3dd8a84d492a357d4b5c49c.jpg

သတင်း အရင်းအမြစ်Cracked

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T