နာဇီတွေရဲ့ သူများနဲ့မတူ တီထွင်ခဲ့ကြတဲ့ အထူးအဆန်း လက်နက်တွေထဲက တစ်ခု

//s9.kh1.co/82/8246cd228926949cb57fedc44fc7643b3f67ceee.jpg
ဗဟုသုတအဖြာဖြာ

 ၁၆-ဇန်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ဒီတစ်ခါ ပရိသတ်ကြီးအတွက်ဖော်ပြပေးချင်တာကတော့ လူသန်းပေါင်းများစွာတို့ရဲ့ အသက်တွေကို စတေးရအောင်ဖန်တီးခဲ့တဲ့ နာဇီဂျာမန်တို့ရဲ့ စစ်ပွဲအတွင်းမှာ တီထွင်ခဲ့တဲ့ လက်နက်အဆန်းတွေကို ဖော်ပြပေးမှာပဲ ဖြစ်ပါတယ်။ အခုတစ်ခါဖော်ပြပေးမှာကတော့ တစ်ဖက်ရန်သူတွေရဲ့ နားကို ဒုက္ခပေးမယ့် ခပ်ဆန်းဆန်းလက်နက်တစ်မျိုးအကြောင်းကိုဖော်ပြပေးချင်ပါတယ်။

https://s9.kh1.co/__image/w=600,h=542,q=100/17/17dddec18a2408cbe1a96596b64033e514ff3c34.jpg
https://s9.kh1.co/__image/w=600,h=400,q=100/45/45c5608b613e02f3fb7967fabb22775b89695044.jpg

လော်စပီကာ သဘော နဲ့ ခပ်ဆင်ဆင်တူ ပုံစံရှိပြီး အသံလှိုင်း အမြှောက် ထဲမှာပြွန်တွေ ရှိပါတယ်။ ပြွန်တွေထဲမှာ ရှိတဲ့ အောက်ဆီဂျင် နဲ့ မီသိန်းဓာတ်ငွေ့တွေရှိပြီး ဓာတ်ပြု အောင် လျပ်စစ်နှင့် ရှော့ ရိုက် လိုက်လျင် အသံအကြယ်ကြီး ထွက်သွားစေပါတယ်။ ထွက်လာတဲ့ အသံဟာ 44000 Hz ရှိပြီး အမြှောက် ချိန်ရွယ်ထားသည့် ဖက် 274 မီတာမှာ ရှိသည့် ရန်သူများ နားစည် ကွဲပြီး နားကန်း ကုန်ကာ disable ဖြစ်ကုန်ပါတယ်။

https://s9.kh1.co/__image/w=600,h=464,q=100/36/36fa3e17777f4285ab927783df03752b2fbf04ce.jpg
https://s9.kh1.co/__image/w=600,h=473,q=100/9a/9aa6d8bb6d9bbf325296651b53983fd7e4f7a369.jpg

ပုံ မှန်နား သည် 20Hz ကနေ 20000 Hz ကြိမ်နှုန်း အထိသာကြားနိုင်ပြီး ဒီ့ထက်ကျယ်သွားပါက နားနဲ့ပတ်သက်ပီး အန္တရာယ်၇ှိနိုင်ပါတယ်။ ဒီလက်နက်ကို ဒီဇိုင်းဆွဲသူကတော့ နာဇီဒီဇိုင်းပညာရှင် Dr. Richard Wallauschek ၏ အကြံညာဏ်ဖြစ်ပြီး စစ်ပွဲအတွင်းမှာ အသုံးပြုခဲ့တာကို သိပ်မတွေ့ခဲ့ရပါဘူး။ ယနေ့အချိန်မှာဆိုရင်လဲ အသံဗုံးဆိုတဲ့ နားစည်းကိုအုစေတဲ့ ဗုံးတွေ အသံလှိုင်းသေနတ‌်တွေ စသဖြင့် ပရိသတ်ကြီးလဲ ကြားဖူး မြင်ဖူးကြမှာပါ။ အသံဟာလဲ လူသားတွေအတွက်တော့ လက်နက်တစ်ခုဆိုလဲ မမှားပါဘူး။

https://s9.kh1.co/__image/w=600,h=336,q=100/5b/5b801fd33401cb51d6684c9f607af9fd3226ee9c.jpg
https://s9.kh1.co/__image/w=600,h=448,q=100/43/436f486539d236a29413536261f2bee21d897093.jpg

သတင်း အရင်းအမြစ်Mirror

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T