ဆယ်ကျော်သက်အရွယ်ထဲက မီလျံနာဖြစ်လာကြတဲ့ လူငယ်များ

//s9.kh1.co/dd/dd7a9b5708c8bdb7d7d0411ffd954d0142cba90b.jpg
ဗဟုသုတအဖြာဖြာ

 ၁၅-ဇန်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.


မြန်မာနိုင်ငံအတွင်းမှာတော့ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ မိလျံနာဖြစ်လာတဲ့သူတွေ အရမ်းရှားပေမယ့် အနောက်နိုင်ငံတွေမှာတော့သူတို့ရဲ့ကြိုးစားမှုနဲ့အတူ ဆယ်ကျော်သက်အရွယ်လေးတွေနဲ့ မီလျံနာဖြစ်သွားတဲ့ သူတွေများစွာရှိကြပါတယ်။

ပရိသတ်တွေအတွက် ဒီတစ်ခေါက်မှာဆိုရင်တော့ဆယ်ကျော်သက်အရွယ်လေးတွေထဲက မီလျံနာဖြစ်လာကြသူတွေကို ဖော်ပြပေးချင်ပါတယ်။

photo credit - Brightside
photo credit - Brightside

Mike McDonald

Mikeကတော့ အခြားသူတွေလို အနုပညာနဲ့ နာမည်ကြီးပြီး ချမ်းသာကြွယ်ဝလာခဲ့တာမဟုတ်ပါဘူး။ သူဟာ လူ၁၀ယောက်မှာ ၇ယောက်တောင် အောင်မြင်အောင် မလုပ်နိုင်တဲ့ ပိုကာဖဲကစားခြင်းနဲ့ နာမည်ကြီးပြီး ချမ်းသာကြွယ်ဝလာခဲ့တာပဲ ဖြစ်ပါတယ်။ ပိုကာကစားတာကနေ ရလာတဲ့ပိုက်ဆံတွေနဲ့ သူ့မိဘတွေကိုပါ ထောက်ပံ့ပေးနိုင်ခဲ့ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ချမ်းသာတဲ့ လူတစ်ဦး ဖြစ်နေခဲ့ပါပြီ။

photo credit - Brightside
photo credit - Brightside

Jordan Maron

Jordan ဟာ အသက် ၁၈နှစ်မှာကတည်းက Youtube မှာ အောင်မြင်နေခဲ့တာဖြစ်ပြီး Minecraft Gameကို ဆော့ပြပြီး အောင်မြင်လာခဲ့သူတစ်ဦးပဲဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ Jordan ဟာ ကျောင်းကနေပါထွက်ခဲ့ပြီး Youtube Gamer တစ်ယောက်အဖြစ် လုပ်ကိုင်ရာကနေ မီလျံနာတစ်ယောက် ဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။

photo credit - Brightside
photo credit - Brightside

Courtney Stodden

ချစ်စရာ မျက်နှာပေးလေးနဲ့ Courtney ကတော့ အသက် ၁၆နှစ်ကတည်းက မော်လ်ဒယ် လောက တည်းကို ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ သူမဟာ အသက်၅၁နှစ်အရွယ်ရှိတဲ့ နာမည်ကြီး သရုပ်ဆောင်တစ်ဦးနဲ့ လက်ထပ်ခဲ့ပြီးနောက် မီလျံနာဖြစ်လာခဲ့တာဖြစ်ပါတယ်။

photo credit - Brightside<br>
photo credit - Brightside

Danielle Bregoli

Danielleကတော့ အသက် ၁၅နှစ်အရွယ်ကတည်းက TV Show တွေမှာ ပါဝင်ခဲ့ပြီး တဖြည်းဖြည်းနဲ့ နာမည်ကြီးလာခဲ့တာပဲ ဖြစ်ပါတယ်။ သူမကို Bhad Bhabie လို့လည်းလူသိများကြပါတယ်။ သူမဟာ American rapper တစ်ဦးလည်းဖြစ်ပြီး album ပေါင်းများစွာကိုလည်းထွက်ရှိထားပါတယ်။

လက်ရှိမှာတော့ သူမအသက်ဟာ 17 နှစ်ရှိပြီဖြစ်ပြီး အသက်အငယ်ဆုံး မီလျံနာတွေထဲမှာ တစ်ယောက်အပါအဝင် ဖြစ်နေပြီပဲဖြစ်ပါတယ်။

သတင်း အရင်းအမြစ်Brightside

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T