ပရိသတ်ကြီးရေ နန္ဒာလှိုင်ကတော့ ပျော်ရွှင်ချမ်းမြေ့တဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားပြီး သမီးသုံးယောက်ကိုလည်းမွေးဖွားထားတာဖြစ်ပါတယ်။နန္ဒာလှိုင်ရဲ့ချစ်ခင်ပွန်း ဦးဇေသီဟကလည်း ခင်ပွန်းကောင်းပီသပြီး မိသားစုကိုပျော်ရွှင်အောင်ထားပေးတာဖြစ်ပါတယ်နော်။နန္ဒာလှိုင်က အနုပညာအလုပ်တွေကို လုံးဝမလုပ်ကိုင်တော့ဘဲ စီးပွားရေးကိုသာလုပ်ဆောင်နေတာဖြစ်လို့ မြန်မာပြည်အနှံ့အပြားမှာ သူမရဲ့စီးပွားရေးကလည်းအောင်မြင်နေတာဖြစ်ပါတယ်။



နန္ဒာလှိုင်ကတော့ လက်ရှိကာလမှာဆိုရင် အိမ်ထဲမှာပဲနေထိုင်ပြီး သမီးတွေကိုအချိန်ပြည့်ဂရုစိုက်ပေးနေတာဖြစ်ပါတယ်။နန္ဒာလှိုင်က ပန်းပင်စိုက်ပျိုးရတာကိုလည်း ဝါသနာပါတာကြောင့် သူမရဲ့ခြံထဲမှာ ရှားပါးပန်းပင်တွေအများအပြားကို သေချာစိုက်ပျိုးထားတာဖြစ်ပါတယ်နော်။နန္ဒာလှိုင်ရဲ့မေမေကလည်း ပန်းကြိုက်တတ်သူဖြစ်လို့ သမီးစိုက်ပေးထားတဲ့ပန်းပင်တွေကိုကြည့်ကာ အရမ်းစိတ်ချမ်းသာနေတာဖြစ်ပါတယ်။နန္ဒာလှိုင်တို့မိသားစုလေးက ပကာသနကင်းမဲ့စွာနဲ့ ရိုးရိုးရှင်းရှင်းနေထိုင်တတ်ကြတဲ့မိသားစုလေးပဲဖြစ်ပါတယ်နော်။



အခုဆိုရင်တော့ ဦးဇေသီဟက"နန္ဒာက ပန်းပင်တွေ စိုက်နေတာမြင်တော့ Valentine's Day နေ့မှာ ပေးဖို့ ထိုင်းကို အပင်တွေ လှမ်းမှာလိုက်တယ်။ နိဗ္ဗာန်ကြာ ၁၀ ပင်ပေါ့။ ဟိုကပို့တဲ့လူက စိတ်စောပြီး ဒီနေ့အရောက်ပို့လိုက်တာ စပရိုက် တိုက်မယ့် အစီအစဉ်ပျက်သွားပါလေရော.. မတတ်နိုင်ဘူးလေ.. စောရောက်တော့လည်း စော သိသွားတာပေါ့."ဆိုပြီးရေးသားထားတာဖြစ်ပါတယ်။ဦးဇေသီဟကတော့ ချစ်ဇနီးလေးကို အချစ်တွေအပြည့်နဲ့ ချစ်သူများနေ့အတွက်ကြိုတင်ပြီးလက်ဆောင်ပေးလိုက်တာဖြစ်ပါတယ်နော်။



Source&Photo Credit:Zay Thiha's FB acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။