နိုင်ငံတကာမှ သာမန်နဲ့မတူတဲ့ ထူးထူးဆန်းဆန်း မင်္ဂလာဆောင်ပွဲများ

//s9.kh1.co/33/3318b22fce9bee8f768f23a3f43b20693b9ccd3a.jpg
ဗဟုသုတအဖြာဖြာ

 ၁၃-ဇန်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

German

https://s9.kh1.co/__image/w=600,h=337,q=100/46/46aa73c056e6572a58f774ea15a348c7e1f6ac8b.jpg

ဂျာမနီနိုင်ငံမှာတော့ လက်ထပ်မယ့် ဇနီးမောင်နှံတွေဟာ သူတို့ရဲ့နေအိမ်ထဲမှာရှိတဲ့ ပန်းကန်တွေကို တတ်နိုင်သလောက် များများခွဲပစ်ကြပါတယ်။ အကြောင်းကတော့ ဒီလိုခွဲပစ်လိုက်ခြင်းအားဖြင့် သူတို့ရဲ့ အိမ်ထောင်သက်တမ်းတစ်လျှောက်လုံး ကံကောင်းခြင်းတွေ နဲ့ပဲ ကြုံတွေ့ရမယ်လို့ ယူဆ ထးကြလို့ပဲ ဖြစ်ပါတယ်။

India

https://s9.kh1.co/__image/w=600,h=408,q=100/c0/c079dd524e84cfce78d7145e11db9729424c0273.jpg

လူဦးရေ ဒုတိယအများဆုံးနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာတော့ မင်္ဂလာပွဲတွေဟာ အတော်လေးကို များပြားတယ်လို့တောင် ပြောလို့ရပါတယ်။ ဒီလိုမင်္ဂလာပွဲတွေမှာ တက်ရောက်လာတဲ့ ပရိသတ်တွေသဘောအကျဆုံးအစီစဉ်ကတော့ သတို့သားရဲ့ ဖိနပ်ကို လုပြီး ပြန်ရွေးဖို့ ပိုက်ဆံတောင်းတဲ့ အစီအစဉ်ပဲဖြစ်ပါတယ်။ သတို့သားခမျာ ပြန်မရွေးသရွေ့ ခြေဗလာနဲ့ လျှောက်ရမယ့်ပုံစံပါပဲ။

China

https://s9.kh1.co/__image/w=600,h=341,q=100/97/97ad1701bbcda7af112222566e7de99da9578257.jpg

ဓလေ့ထုံးစံတွေ အများအပြားရှိတဲ့ တရုတ်နိုင်ငံမှာတော့ အခုပြောပြမယ့် ဓလေ့က မရှိသလောက်ကို ရှားနေပါပီ။ ဒါကတော့ မင်္ဂလာမဆောင်ခင် တစ်လအကြိုလောက်မှာ သတို့သမီးအပါအဝင် သတို့သမီးဘက်က မိသားစုဝင်အမျိုးသမီးတွေဟာ ငိုကြွေးရတာပဲ ဖြစ်ပါတယ်။ ဘယ်လိုအကြောင်းကြောင့် ငိုကြွေးရလဲဆိုတာ မသိပေမယ့်လည်း အတော်လေးကို ထူးဆန်းတဲ့ ဓလေ့တစ်ခုလို့တော့ ပြောလို့ရပါတယ်။

Indonesia

https://s9.kh1.co/__image/w=600,h=336,q=100/1b/1bbe21fed587e0a4fbb72d1d07797c153c0eb48e.jpg

အင်ဒိုနီးရှားနိုင်ငံက ဓလေ့ကတော့ သတို့သားတိုင်းကို ထိတ်လန့်သွားစေမှာ သေချာပါတယ်။ ရိုးရာအရ သတို့သားတွေဟာ မင်္ဂလာဆောင်ပီးပီးချင်း ၃ ရက်မြောက်နေ့အထိ အပေါ့သွားခွင့်မရှိပါဘူး ။ ဒီလို အပေါ့မသွားခိုင်းတဲ့ အကြောင်းကတော့ အိမ်ထောင်သက်တမ်း တစ်လျှောက်လုံး သာယာပြီး ကံကောင်းစေဖို့အတွက်ပါတဲ့ ပရိသတ်ကြီးရေ...။

သတင်း အရင်းအမြစ်Bloggers Arena

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T