ဟန်ဆောင်မှုကင်းပြီး လွတ်လပ်ပေါ့ပါးတဲ့ဟန်ပန်အမူအရာလေးတွေနဲ့ ပရိသတ်တွေရဲ့အချစ်ကို သိမ်းပိုက်ထားနိုင်သူလေးကတော့ မင်းသမီးချောလေး အေးမြတ်သူပဲဖြစ်ပါတယ်။ စကားပြောပွင့်လင်းပြီး ချစ်စရာပါးချိုင့်လေးတွေကြောင့်လည်း ပြုံးလိုက်တိုင်းသူမရဲ့အလှကိုပေါ်လွင်ထင်ရှားစေကာ ပရိသတ်တွေရဲ့ အသည်းကိုကြွေစေတာလည်းဖြစ်ပါတယ်နော်.....။


အသက် ၃၀ကျော်အရွယ်ရှိနေပြီဖြစ်တဲ့ အေးမြတ်သူဟာ ဆယ်ကျော်သက်လေးတွေနဲ့အပြိုင်အလှပိုနေဆဲဖြစ်ပြီး သူမရဲ့ပြေပြစ်လှပလွန်းတဲ့ ဘော်ဒီအချိုးအစားလေးဟာဆိုရင်လည်း လုံး၀ကို အမိုက်စားဖြစ်နေတာပါနော်။ အေးမြတ်သူဟာ ပွဲအခမ်းအနားတွေတက်ရောက်လာရင်လည်း အလန်းစားဖြစ်နေတဲ့၀တ်စုံဒီဇိုင်းတွေကြောင့် ပရိသတ်တွေရဲ့ စိတ်၀င်စားအားပေးမှုကိုရရှိနေဝာာလည်းဖြစ်ပါတယ်.....။


အခုဆိုရင်လည်း အေးမြတ်သူဟာ လေ့ကျင့်ခန်းတွေနေ့တိုင်းမှန်မှန်လုပ်နေတာဖြစ်ပြီး မကြာခဏဆိုသလိုလည်း သူမရဲ့ workoutဗီဒီယိုတွေကို သူမရဲ့ Instagram လေးမှာတင်ပေးတတ်ပါတယ်။ အခုဆိုရင်လည်း သူမရဲ့ Instagram my dayလေးမှာ ချွေးတဒီးဒီးကျတဲ့အထိ လေ့ကျင့်ခန်းတွေမရပ်မနားလုပ်နေတဲ့ အလန်းစားဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


သတင်းအရင်းမြစ်: Aye Myat Thu's Instagram acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။