သရုပ်ဆောင်မင်းညီကတော့ အနုပညာနယ်ပယ်မှာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေနဲ့အတူ အောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်တယ်။ ယခုနောက်ပိုင်းမှာ သူ့ရဲ့ကြိုးစားအားထုတ်မှုတွေကြောင့် သရုပ်ဆောင်အပြင် ဒါရိုက်တာတစ်ယောက်အနေနဲ့ပါ ရပ်တည်နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ မင်းညီက စိတ်သဘောထားပြည့်ဝပြီး တစ်ပါးကိုလည်း မကြာခဏကူညီပေးတတ်တဲ့ အပြုအမှုလေးတွေကလည်း ချစ်စရာကောင်းလောက်ပါတယ်။


သာယာပျော်ရွှင်တဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားပြီး ဘဝကိုအေးအေးချမ်းချမ်း ဖြတ်သန်းနေထိုင်နေတာ ဖြစ်ပါတယ်။ ယခုမှာဆိုရင် မင်းညီက တချို့အနုပညာရှင်တွေက မီဒီယာသမားတွေရဲ့အပေါ်မှာပြုမှုတတ်တဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး သူ့ရဲ့ ရင်တွင်းခံစားချက်တွေကို ပြောပြလာခဲ့ပါတယ်။"မီဒီယာတွေက အဖက်လုပ်ပြီးမရေး မတင်ပေးရင်...လူအယောက်တရာမေးရင် တယောက်မသိတဲ့ ဟာတွေက...လူလဲနည်းနည်းသိလာရော....စောက်ချေကြီးပြီး...စောက်အထာတွေနဲ့.....တကယ်စူပါစတားတွေနဲ့တန်းလိုက်ညှိ...နေကြ...တူမယ်ထင်...နေကြ....ပြောပုံက....မီဒီယာများကူးယူဖော်ပြခွင့်မပြုဆိုပဲ....အဲလို...အောက်ခြေလွတ်နေတာမြင်ရတော့....ခင်ရတဲ့မိတ်ဆွေ မီဒီယာသမားတွေဘက်က...ခံပြင်းမိတယ်...


ဘဝမမေ့ကြပါနဲ့....ဘဝမေ့လို့ ဘဝပျက်သွားခဲ့ရသူတွေကို...သင်ခန်းစာယူ...ကြပါ....ကျွန်တော်ကတော့...ကျွန်တော် facebookမှာ ဘာတင်တင်...ကျွန်တော်စိတ်ရင်းနဲ့...တင်တာမို့..ရိုင်းတာရော... ယဥ်တာရော...ဘာဖြစ်ဖြစ်...ခင်ဗျားတို့အသုံးလိုရင်...ကူးယူဖော်ပြခွင့်ပြုပါတယ်....
မီဒီယာ မိတ်ဆွေများ ခင်ဗျား....ကိုယ့်လိပ်ပြာကိုယ်လုံရင်...အများပြည်သူသိအောင် fbပေါ်ကျတော့တင်ထားပြီး....မီဒီယာများ ကူးယူဖော်ပြခွင့်မရှိ ဆိုတာ...မီဒီယာတွေကို..ဘယ်လိုသဘောထားလို့လဲ...ဆိုတာတော့...မေးစေချင်မိတယ်....အစထဲက လူမသိစေချင်ရင်...မတင်နဲ့ပေါ့ဗျာ....မင်းညီ(ရင်နှင့်ရင်းသည်)" ဆိုပြီး ပြတ်ပြတ်သားသားနဲ့ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ ချစ် ပရိသတ်တွေကလည်း မင်းညီပြောပြတဲ့ အကြောင်းအရာလေးနဲ့ပတ်သက်ပြီး အမြင်လေးကို ပြောပြပေးခဲ့ပါဦးနော် ။
သတင်းအရင်းမြစ်: Source - Min Nyi fb account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။