ချစ်ပရိသတ်ကြီးရေ မင်းသမီးချောလေးသန္တာဗိုလ်ကတော့ သရုပ်ဆောင်ပိုင်းမှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်နိုင်တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်းပါဝင်သရုပ်ဆောင်နေတဲ့ သူမကတော့ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေ ဆွဲဆောင်မှုရှိတဲ့ ပုံစံလေးတွေကို ပိုင်ဆိုင်ထားသူလေးပဲဖြစ်ပါတယ်။ဒါ့အပြင် သူမက စူပါမော်ဒယ်လ်တစ်ယောက်အဖြစ်လည်း အနုပညာလမ်းကြောင်းထက်မှာ ရပ်တည်နေသူပါ။

ပရိသတ်တွေရဲ့ အချစ်ကို ပြည့်အဝရရှိထားတဲ့ သူမကတော့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို မကြာခဏဆိုသလို ချစ်ပရိသတ်တွေအတွက် ဖော်ပြပေးလေ့ရှိပါတယ်။ ဒါ့ပြင်သူမကတော့ ပျော်ရွှင်စရာကောင်းတဲ့ ချစ်သူဘဝလေးကိုလည်း ချစ်သူ ကောင်းပြည့်နဲ့အတူ တည်ဆောက်ထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ရသူတွေနဲ့ သူမရဲ့ တစ်နေ့တာကို ကုန်ဆုံးလေ့ရှိတဲ့ သန္တာဗိုလ်တစ်ယောက် ယခုမှာလည်း သူငယ်ချင်းတွေနဲ့ အပျော်ရိုက်ကူးထားတဲ့ ဗီဒီယိုလေးတစ်ခုကို ဝေမျှလာပြန်ပါတယ်။


ဒါကတော့ သရုပ်ဆောင် မင်းသမီးချောလေး ဖွေးဖွေးအပြင် တခြားသော မိန်းကလေးသူငယ်ချင်းတွေနဲ့အတူ ဆော့ကစားထားတဲ့ အမိုက်စား Tiktok ဗီဒီယိုလေးကို ဝေမျှလာခဲ့တာပါ။ ကြည့်မိသူတွေ အကြိုက်တွေ့စေလောက်တဲ့ အဆိုပါ ဗီဒီယိုဖိုင်လေးကို ပရိသတ်တွေ ကြည့်ရှုစေဖို့အတွက် Myanmarload မှ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်...... ။


သတင်းအရင်းမြစ်: Source - Thandar Bo's Facebook Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။