ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာရရှိထားသလို ပရဟိတလုပ်ငန်းတွေနဲ့ လူအများလေးစားဖွယ်ကောင်းလောက်တဲ့သူ‌တွေ

ထဲမှာဆိုရင် သရုပ်ဆောင်ထွန်းကိုကိုကလည်း အပါအဝင်ပဲဖြစ်ပါတယ်နော်....။ သူဟာ ပီပြင်တဲ့သရုပ်ဆောင်ချက်တွေနဲ့ ဇာတ်ကားတွေများစွာ ရိုက်ကူးထားသလို ပရဟိတအလုပ်တွေကို တစိုက်မတ်မတ်နေသူလည်း ဖြစ်ပါတယ်နော်..။

Photo credit-Yanpaing Tun Ko's Facebook acc
Photo credit-Yanpaing Tun Ko's Facebook acc

ဆွဲဆောင်မှုရှိပြီး ညို့အားပြင်းတဲ့ Body ကိုလည်း ပိုင်ဆိုင်ထားသလို ချောမောခန့်ညားပြီး ယောကျ်ားပီသတဲ့ ပုံရိပ်လေးတွေကြောင့်လည်း မိန်းကလေးပရိသတ်တွေကြား ရေပန်းစားသူလည်း ဖြစ်ပါတယ်။ ပျိုမဒီလေးတွေရဲ့ အားပေးချစ်ခင်မှုတွေကို အများဆုံးရရှိထားတဲ့ ထွန်းကိုကိုကတော့ အရေးကြုံတိုင်း ပရဟိတအလုပ်တွေကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်လုပ်ဆောင်တတ်သူမို့ ပရိသတ်တွေကလည်း အမြဲချစ်ခင်အားပေးနေကြတာလည်း ဖြစ်ပါတယ်နော်။

Photo credit-Yanpaing Tun Ko's Facebook acc
Photo credit-Yanpaing Tun Ko's Facebook acc

ထွန်းကိုကိုဟာ အခုဆိုရင်လည်း မကြာခင်အချိန်တွင်းက ဒဂုံမြို့သစ်အရှေ့ပိုင်းမှာဖြစ်ခဲ့တဲ့ မီးလောင်ကျွမ်းမှုမှာ ကိုယ်တိုင်ကိုယ်ကျပါ၀င်ပြီး မီးငြိမ်းသတ်ခဲ့တာဖြစ်ပြီး သူ့ရဲ့ Facebookစာမျက်နှာမှာလည်း မီးသတ်ရဲဘော်တွေနဲ့အတူ မီးငြိမ်းသတ်နေတဲ့ပုံလေးတွေကိုတင်ပေးခဲ့ပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Yanpaing Tun Ko's Facebook acc
Photo credit-Yanpaing Tun Ko's Facebook acc

သတင်းအရင်းမြစ်: Yanpaing Tun Ko's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။