တကယ်တော့ အရမ်းဝနေတာကနေ ဝိတ်ချဖို့က ထင်သလောက်မခက်ပါဘူး၊၊ လုံ့လဝရိယ ရှိရှီနဲ့ ကြိုးစားမယ်ဆိုရင် ဖြစ်ကိုဖြစ်နိုင်ပါတယ်။ထရစ်စတာလို့ခေါ်တဲ့ အမျိုးသမီးတစ်ဦးဟာ အရင်က အလွန်ဝလွန်းသူတစ်ဦး ဖြစ်ခဲ့ပြီး သူမရဲ့ကြိုးစားအားထုတ်မှုကြောင့် ကာယအလှမယ်တစ်ဦးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။ ထရစ်စတာဟာ အရင်က ၁၉၅ ပေါင်ရှိခဲ့သူဖြစ်ပြီး သူဟာလအနည်းငယ်အတွင်းမှာပဲ ပေါင်ချိန် အများကြီးကျပြီး လှပတဲ့ခန္ဓာကိုယ်လေး ရအောင်လုပ်နိုင်ခဲ့ပါတယ်။


ထရစ်စတာဟာ အခုလိုလှပတဲ့ ခန္ဓာကိုယ်လေးရဖို့အတွက် လုံလဝရိယ ရှိရှိနဲ့ အလွန်အမင်းကို ကြိုးစားခဲ့ရပါတယ်။ထရစ်စတာဟာ ကိုယ်အလေးချိန်ကျဆင်းစေဖို့အတွက် အဓိကအားဖြင့် သူမရဲ့အိမ်မက်အတိုင်း အလေးမခဲ့ပြီး အခြားသော လေ့ကျင့်ခန်းများစွာကို ပုံမှန်ပြုလုပ်ခဲ့ပါတယ်။ သူမရဲ့ကြိုးစားမှုတွေကြောင့် လအနည်းငယ်အတွင်း ပေါင် ၅၀ လောက်ကျသွားခဲ့ပေမယ့် ထရစ်စတာက မကျေနပ်နိုင်သေးတာကြောင့် ၂၀၁၄ ခုနှစ်မှာ သူမကိုယ်သူက ထပ်မံပြောင်းလဲခဲ့ပါတယ်။


ထရစ်စတာဟာ လေ့ကျင့်ခန်းတွေကို အရင်ကထက်ပိုကြိုးစားလုပ်ခဲ့ပြီး မနက်ဆိုလည်းအစောကြီးထကာ သူမရဲ့ခန္ဓာကိုယ်ကို တောင့်တင်းလှပတဲ့ ကာယအလှမယ်တစ်ဦးလိုဖြစ်အောင် လေ့ကျင့်ခဲ့တာကြောင့် ဆုတွေပါရယူနိုင်ခဲ့ပါတယ်။အခုဆိုရင် ထရစ်စတာဟာ ကာယအလှမယ်တစ်ယောက်ရဲ့ အဆီပိုမရှိလှပတဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်နေပြီဆိုပေမယ့် လေ့ကျင့်ခန်းတွေကိုတော့ အဆက်မပြတ်လုပ်ဆောင်ဆဲပါပဲ။
ပရိသတ်တွေထဲမှာ အရမ်းဝလို့စိတ်ညစ်နေတဲ့သူတွေရှိရင်လည်း စိတ်ဓာတ်မကျပါနဲ့ ၊ ကိုယ်လိုချင်တဲ့လှလှပပ ခန္ဓာကိုယ်လေးကိုပိုင်ဆိုင်ဖို့ လုံ့လဝရိယရှိရှိနဲ့ ကြိုးစားကြပါလို့ တိုက်တွန်းလိုက်ပါရစေ။


သတင်းအရင်းမြစ်: popsugar
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။