ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေ ရှိနေပေမယ့်လည်း နာမည်ကြီး မော်ဒယ်လ်တစ်ယောက်ဖြစ်လာတဲ့ ကောင်မလေး

//s9.kh1.co/44/4421d28bd16d3d5dd30803687040b6012bf9c962.jpg
နိုင်ငံတကာသတင်းများ

 ၃၀-ဒီ-၂၀၂၀ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

လူ့လောကထဲမှာ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းပြီး မွေးဖွားလာသူတွေ များစွာရှိကြသလို ဒီလိုချို့ယွင်းနေတိုင်းလည်း စိတ်ဓာတ်ကျနေဖို့မလို့ပါဘူး ။ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိရှိနဲ့ စိတ်ဓာတ်မကျဘဲ အရာရာကို အကောင်းဆုံးရင်ဆိုင်ကျော်ဖြတ်မယ်ဆိုရင် ကိုယ်ဟာ လူအများအားကျရတဲ့လူတစ်ယောက်တောင် ဖြစ်လာနိုင်ပါတယ်။ဒါ့ကြောင့် ဒီတစ်ခေါက်မှာဆိုရင်လည်း ပရိသတ်တွေအတွက် ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်နေသော်ညားလည်း လူအများအားကျရတဲ့ မော်ဒယ်တစ်ယောက်ဖြစ်လာတဲ့ ကောင်မလေးတစ်ယောက် အကြောင်းကို ဖော်ပြပေးချင်ပါတယ်။

photo credit - Melanie Gaydos  instagram
photo credit - Melanie Gaydos instagram
photo credit - Melanie Gaydos  instagram
photo credit - Melanie Gaydos  instagram

သူမရဲ့နာမည်ကတော့ Melanie Gaydos ဖြစ်ပြီး မွေးရာပါ မျိုးရိုးဗီဇချို့ယွင်းတဲ့ Ectodermal dysplasia ဆိုတဲ့ ရောဂါကိုခံစားနေရတာပါ။ဒီရောဂါကို ခံစားရသူဟာ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေ ဖြစ်ပေါ်သွားနိုင်ပါတယ်။ Gaydos ကလေးဘဝအရွယ်တုန်းက သူမရဲ့ ပါးစပ် ၊ မျက်လုံးနဲ့ ၊ နားရွက်တို့ကို အဆင်ပြေတည့်မတ်စေဖို့အတွက် ခွဲ စိတ်မှုပေါင်း ၄၀ ကျော်လောက်အထိကို ပြုလုပ်ခဲ့ရပါတယ်။

photo credit - Melanie Gaydos  instagram
photo credit - Melanie Gaydos instagram
photo credit - Melanie Gaydos  instagram
photo credit - Melanie Gaydos instagram

အသက်အရွယ်ရောက်လာတဲ့ အခါမှာတော့ သူမဟာ ဓါတ်ပုံပညာရပ်ကို လေ့လာဆည်းပူးနေခဲ့တာဖြစ်ပြီး သူမရဲ့သူငယ်ချင်းဖြစ်သူက ဓါတ်ပုံရိုက်ဖို့ ကမ်းလှမ်းခဲ့ရာမှ မော်လ်ဒယ်လောကထဲကို တဖြည်းဖြည်း ဝင်ရောက်လာခဲ့တာပဲ ဖြစ်ပါတယ်။ “ ကျွန်မ ဘဝက မွေးကတည်းက မပြည့်စုံဘူးဆိုတာ သိပါတယ်.. ဒါပေမယ့်လည်း ဒါတွေက ကျွန်မ ပြင်လို့ရတဲ့အရာတွေမှ မဟုတ်တာ … တစ်ကယ်တော့ လက်ရှိဘဝမှာ ဘယ်လို အကောင်းဆုံးနေထိုင်သွားမလဲဆိုတဲ့ စိတ်ရှိနေဖို့ပဲ အရေးကြီးပါတယ်။ ဒီလောကကြီးမှာ ပြီးပြည့်စုံနေတဲ့ လူဆိုတာမရှိပါဘူး…ဒါ့ကြောင့်စိတ်ကျစရာလည်း မလိုပါဘူးလို့ …” သူမကို မေးမြန်းတဲ့ အင်တာဗျူး တစ်ခုမှာ ဖြေကြားခဲ့ပါသေးတယ်။ ငယ်စဉ်ထဲက ရုပ်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် အခက်အခဲတွေများခဲ့တဲ့ Gaydos ကတော့ အခုဆိုရင် အောင်မြင်တဲ့ မော်ဒယ်တစ်ယောက်ဖြစ်နေပြီပဲဖြစ်ပါတယ်။

photo credit - Melanie Gaydos  instagram
photo credit - Melanie Gaydos instagram
photo credit - Melanie Gaydos  instagram
photo credit - Melanie Gaydos instagram
photo credit - Melanie Gaydos  instagram
photo credit - Melanie Gaydos instagram
photo credit - Melanie Gayd
photo credit - Melanie Gayd

သတင်း အရင်းအမြစ် Wikipedia

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T