အသားပိုစားကောင်းအောင်လို့ ဆိုပီး ဝက်တွေကိုနေ့တိုင်း ရေထဲ ဒိုင်ဗင်ထိုးခိုင်းတဲ့ လယ်သမား

//s9.kh1.co/cd/cda682d00a69f5c15269eb1eea4ab3356a16f833.jpg
နိုင်ငံတကာသတင်းများ

 ၂၈-ဒီ-၂၀၂၀ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

တရုတ်နိုင်ငံ ဟူနန်ပြည်နယ်မှာနေထိုင်တဲ့ အဆိုပါလယ်သမားဟာ မနက်တိုင်း သူ့ဝက်တွေကို ရေကန်နားခေါ်လာပြီး ဒိုင်ဗင်ထိုးခိုင်းပါတယ်လို့သိရပါတယ်။Huang Deming လို့ခေါ်တဲ့ ၎င်းလယ်သမားဟာ ဝက်တွေကို အခုလိုဒိုင်ဗင်ထိုးခိုင်းရတဲ့အကြောင်းရင်းကတော့ အသားပိုကျစ်ပြီး အရာသာပိုကောင်းစေဖို့လို့ သိရပါတယ်။ သူနည်းလမ်းကို အသုံးပြုလာတာ နှစ်အနည်းငယ်ရှိပြီဖြစ်ပြီး ဒါဟာ သူ့ဝက်တွေရဲ့အသားကို ပိုစားလို့ကောင်းစေတယ်လို့ ဆိုပါတယ်။

photo credit - Elitereaders
photo credit - Elitereaders
photo credit - Elitereaders
photo credit - Elitereaders

ဒါ့ကြောင့် ၎င်းလယ်သမားဟာ သူမွေးထားတဲ့ဝက်တွေကို ၁၀ ပေအမြင့်ရှိတဲ့ နေရာကနေ ရေထဲကို ဒိုင်ဗင်ထိုးခိုင်းဆင်းခိုင်းပြီး ဝက်တွေကို ရေကူးခိုင်းလေ့ရှိပါတယ်။ ၎င်းလယ်သမားအနေနဲ့ကတော့ “ဒါဟာ သူ့ရဲ့ဝက်တွေအတွက် အဆီတွေကျပြီး အသားပိုကျစ်လာစေမယ့် လေ့ကျင်းခန်းတစ်ခုပါ” လို့လည်း အင်တာဗျူးတစ်ခုမှာ ဖြေကြားထားပါသေးတယ်။

photo credit - Elitereaders
photo credit - Elitereaders
photo credit - Elitereaders
photo credit - Elitereaders

ဝက်တွေကို ဒိုင်ဗင်ထိုးခိုင်းတဲ့ ၎င်းလယ်သမားရဲ့ လုပ်ရပ်ဟာ ရွာသားတွေအတွက်တော့ မထူးဆန်းတော့ပေမယ့် နိုင်ငံခြားသားခရီသည်တွေအတွက်တော့ ထူးထူးဆန်းဆန်းအရာတစ်ခုဖြစ်တာကြောင့် လာရောက်ကြည့်ရှုသူတွေလည်း ရှိတယ်လို့သိရပါတယ်။ ဒီအကြောင်းအရာ လူမှုကွန်ယက်ပေါ်ပျံ့နှံ့လာတဲ့အချိန်မှာဆိုရင်လည်း “အဲ့ဒီဝက်သားကို စားကြည့်ချင်လိုက်တာ” လို့ပြောကြတဲ့သူတွေရှိသလို “ဘဝကြီးကလည်း တော်တော်ခက်ပါတယ် ဝက်ဖြစ်တာတောင် ဒိုင်ဗင်ထိုးနေရတယ်” ဆိုပြီး စနောက်ကြတဲ့သူတွေလည်း ရှိခဲ့ပါတယ်။

အသားစားကောင်းတာ မကောင်းတာကိုခနထား ဝက်တွေကတော့ နေ့တိုင်း ဒိုင်ဗင်ထိုး ရေကူးနေရတော့ မာဆယ်တွေထွက်လာမလားမသိဘူးနော်……………

photo credit - Elitereaders
photo credit - Elitereaders
photo credit - Elitereaders
photo credit - Elitereaders

သတင်း အရင်းအမြစ်Elitereaders

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T