လူတွေမဆင်မခြင်စွန့်ပစ်ထားတဲ့ ကော်တွေကြောင့် မသေရုံတမယ် ဝေဒနာတွေ ခံစားခဲ့ရတဲ့ ကြောင်လေး

//s9.kh1.co/f6/f62051f1aca91e428b15fcf03498aa3d64a02d0b.jpg
နိုင်ငံတကာသတင်းများ

 ၂၈-ဒီ-၂၀၂၀ ၂pm · လွန်ခဲ့သော ၃ နှစ် က

.


အရင်တုန်းကတော့ လူတွေဟာ ကြွက်ဖမ်းတဲ့ နေရာမှာ လက်လုပ်ထောင်ချောက်တွေ အသုံးပြုပြီးဖမ်းဆီးကြပေမယ့် နောက်ပိုင်းမှာတော့ ကော်တွေနဲ့ ဖမ်းဆီးလာကြပါတယ်။ဒါဟာ အိမ်အတွင်းမှာ သောင်းကျန်းနေတဲ့ ကြွက်တွေကို နှိမ်နင်းတဲ့ နည်းလမ်းကောင်းတစ်ခုဆိုပေမယ့် အသုံးပြုပြီးသား ကော်တွေကို လွှင့်ပစ်တဲ့အခါမှာ အခြားသောတိရိစ္ဆာန်လေးတွေကိုလည်း ထိခိုက်တတ်တယ်ဆိုတာ သတိထားသင့်ပါတယ်။ဒီအတိုင်း ကြုံသလို လွှင့်ပစ်လိုက်မယ်ဆိုရင်တော့ ကျန်ရှိနေတဲ့ အကြွင်းအကျန်ကော်တွေမှာ တခြားသော တိရိစ္ဆာန်လေးတွေလည်း ကပ်မိနေနိုင်ပြီး London က Miles လို့ခေါ်တဲ့ ကြောင်လေးတစ်ကောင်ဟာဆိုရင်လည်း ဒီကော်တွေကြောင့် တော်တော်လေး ဒုက္ခရောက်သွားခဲ့ရပါတယ်။

photo credit - Metro
photo credit - Metro

အဖြူနဲ့ အမဲစပ်ထားတဲ့ ကြောင်လေး Miles ဟာ ကြွက်ထောင်ချောက် ထဲက ကော်တွေနဲ့ ကပ်မိပြီး ပြင်းထန်တဲ့ဝေဒနာတွေကို ခံစားခဲ့ရပါတယ်။Miles ဟာ ဒီထောင်ချောက်ကြောင့် လန်ဒန်မြောက်ပိုင်းက လမ်းကြားတစ်ခုအတွင်းမှာ ပိတ်မိနေခဲ့တာဖြစ်ပြီး သူရဲ့ခြေထောက်တွေနဲ့ ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံးမှာ ၎င်းထောင်ချောက်က ကော်တွေကပ်မိနေခဲ့ပါတယ်။ဒီအဖြစ်အပျက်ကိုတွေ့ရှိခဲ့တဲ့ ကယ်ဆယ်ရေးလုပ်သားတွေကတော့ Miles လေးကို ကော်တွေကြားထဲကနေ အမြန်ဆုံးကယ်တင်ခဲ့ပြီး ကော်တွေကို ဖယ်ရှားဖို့အတွက် Miles လေးရဲ့ အမွှေးတော်တေ်ာများများကိုပါ ရိတ်ပစ်ခဲ့ရပါတယ်။Miles လေးဟာ ဒီကော်တွေကြောင့် ကြောက်ဖက်ဖွယ်ရာ ဒဏ်ရာတွေကို ရရှိခဲ့တဲ့အပြင် ကူးစက်ရောဂါအချို့ကိုလည်း ခံစားခဲ့ရပြီး အလွန်အမင်းနာကျွန်းလွန်းလို့ အော်ဟစ်နေခဲ့တယ်လို့ လည်း သိရပါတယ်။

photo credit - Metro
photo credit - Metro

ဒါ့အပြင် Miles လေးဟာ ဟာ ဒီထောင်ချောက်ကလွတ်ဖို့အတွက် ကြိုးစားရင်း ကော်အချို့ကိုလည်း စားထားမိသေးတာကြောင့် သူ့ရဲ့ကျန်းမာရေးအခြေအနေကလည်း တော်တော်လေးဆိုးရွားနေခဲ့ပါတယ်။

Miles လေးရဲ့ဒီအဖြစ်အပျက်ကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရတဲ့ ကျန်းမာရေးဝန်ထမ်းတွေကတော့ ကြွက်ဖမ်းတဲ့ ကေ်ာတွေကို မသုံးတော့ဖို့ တောင်းဆိုနေကြတယ်လို့သိရပါတယ်။

လူတွေများစွာထဲမှာမှ ကြင်နာတဲ့နှလုံးသားရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့ Miles လေးကတော့ ကြွက်ဖမ်းတဲ့ ကော်တွေကြောင့် မသေရုံတမယ် ဝေဒနာတွေခံစားခဲ့ရပေမယ့်လည်း လက်ရှိမှာတော့ ကျန်းမာရေး ပြန်လည်ကောင်းမွန်နေပြီပဲဖြစ်ပါတယ်။

photo credit - Metro<br>
photo credit - Metro

သတင်း အရင်းအမြစ်Metro

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T