EPIC League Division 1 ရဲ့ Grand Final ပွဲစဉ်ကိုတော့ မနေ့က မြန်မာစံတော်ချိန် ည 11း30 မှာကျင်းပပြုလုပ်ခဲ့ပါတယ်။
Grand Finals ပွဲစဉ်မှာတော့ Virtus.pro အသင်းနဲ့ OG အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရပြီး Virtus.pro အသင်းဟာ 3:2 ဆိုတဲ့ရလာဒ်နဲ့ အနိုင်ရရှိခဲ့ပြီး Champion ဆုကြီးကိုရယူနိုင်ခဲ့ပါတယ်။
ဒီပွဲစဉ်ဟာ bo 5 ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး နောက်ဆုံး game 5 မှာ OG တို့အကောင်းဆုံး တောင့်ခံကစားထားနိုင်ခဲ့ပေမယ့်လည်း Virtus.pro ရဲ့ teamwork ကိုယှဉ်မရတဲ့အဆုံးမှာ အရှုံးပေးခဲ့ရပြီး ဒုတိယနဲ့သာကျေနပ်ခဲ့ရတာပဲဖြစ်ပါတယ်။
Champion ဖြစ်ခဲ့တဲ့ Virtus.pro ကတော့ ဆုကြေးငွေအနေနဲ့ $200,000 USD ရရှိခဲ့ပြီး ဒုတိယရရှိခဲ့တဲ့ OG ကတော့ ဆုကြေးငွေ $100,000 USD ရရှိခဲ့ပါတယ်။
Virtus.pro နဲ့ OG တို့ဟာ ဒီနှစ်ထဲ EPIC League နဲ့ ESL One Los Angeles 2020 တို့ရဲ့ grand Final မှာ နှစ်ကြိမ်တိုင်တွေ့ဆုံခဲ့ပြီး Virtus.pro ကပဲ နှစ်ကြိမ်လုံး 3:2 ဆိုတဲ့ရလာဒ်နဲ့ အနိုင်ရှရှိခဲ့ပါတယ်။
Ti မရောက်ခင် အစွမ်းထုတ်မပြတတ်တဲ့ OG အနေနဲ့လည်း နောက်လာမယ့် tournaments တွေမှာ ဘယ်လိုတွေဆက်ကစားသွားမလဲနဲ့ လက်ရှိမှာ လက်စွမ်းတော်တော်ပြနေတဲ့ Virtus.pro ကလည်း သူတို့ရဲ့အကောင်းဆုံးပုံစံတစ်ခုကို ဆက်လက်ထိန်းထားနိုင်မလဲဆိုတာကတော့ စောင့်ကြည့်သွားရမှာပါပဲ။
သတင်း အရင်းအမြစ်៖ EPIC League tiwtter