Photo from google

CIS region က dota 2 team တစ်ခုဖြစ်တဲ့ Gambit Esports ကတော့ ဒီကနေ့ Yellow Submarine နဲ့ ကစားရမယ့်ပွဲမတိုင်ခင်လေးမှာပဲ အသင်းရဲ့ roster ကိုပြောင်းလဲခဲ့ပါတယ်။

Gambit ပြုလုပ်ခဲ့တာကတော့ အသင်းရဲ့ carry player "dyrachyo" ကိုထုတ်ပယ်ပြီး သူ့ရဲ့နေရာမှာ xannii ကို stand-in အနေနဲ့ ခေါ်ယူကစားခဲ့တာပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် Gambit Esports ရဲ့ current dota 2 roster ကတော့

Po 1- xannii

Po 2- Lorenof

Po 3- meLes

Po 4- XSvamp1Re

Po 5- eine

တို့ပဲ ဖြစ်ပါတယ်။

သို့ပေမယ့်လည်း EPIC League Division 2 ပွဲစဥ်အဖြစ် ဒီကနေ့ Yellow Submarine နဲ့ယှဥ်ပြိုင်ကစားတဲ့ ပွဲစဥ်မှာတော့ 2:0 ဆိုတဲ့ရလာဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

နောက်ထပ်ယှဥ်ပြိုင်ရမယ့် ပွဲစဥ်တွေမှာတော့ Gambit Esports အနေနဲ့ ဒီ roster နဲ့အတူ နိုင်ပွဲတွေရယူသွားနိုင်မလားဆိုတာကတော့ စောင့်ကြည့်သွားရမှာပါပဲ။

Source - Vpesports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။